ပျဉ်းမနား ရှမ်းကန်တွင် ရေနစ်သေဆုံးမှုအတွက် တရားခံများကို ပြစ်ဒဏ်ချမှတ်

ပျဉ်းမနား ရှမ်းကန်တွင် ရေနစ်သေဆုံးမှုအတွက် တရားခံများကို ပြစ်ဒဏ်ချမှတ်

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက နေပြည်တော် ပျဉ်းမနားမြို့ ရှမ်းကန်တွင် လူငယ်ချင်းစကားများ
ရန်ဖြစ်စဉ် ရှမ်းကန်အတွင်းသို့ ထွက်ပြေးမိသဖြင့် ရေနစ်သေဆုံးခဲ့သည့်အမှုတွင် ပါဝင်
ပတ်သက်နေသူများကို နေပြည်တော်ကောင်စီအုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိခရိုင် 
တရားရုံးက ပုဒ်မ ၃၂၃၊ ၃၂၅ တို့ဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲစီချမှတ်ခဲ့သည်။

ဒက္ခိဏခရိုင်တရားရုံးက ဇွန် ၁ဝ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားခံလေးဦးမှာ
သျှိုင်းဝင်းလတ်၊ ကိုသက် (ခ)ဉာဏ်လင်းအောင်၊ ရဲမင်းဦးနှင့် ပြည့်စုံအောင်တို့ဖြစ်သည်။
ထောင်ဒဏ်တစ်နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တရားခံများမှာ အသက် ၁၇ နှစ်ဝန်းကျင်
လူငယ်များဖြစ်သည်ဟု ပျဉ်းမနားမြို့မရဲစခန်းမှတစ်ဆင့် သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၅ ခုနှစ်၊ သြဂုတ် ၈ ရက် ည ၁ဝ နာရီခန့်တွင် တရားလိုများဖြစ်ကြသော ဇော်ဦး၊
အီစမိုင် (သေဆုံးခဲ့သူ)၊ အေးမင်းထွန်းတို့သုံးဦးသည်ပျဉ်းမနားမြို့၊ ဘုရားကိုးဆူစေတီအနီး
ရှမ်းကန်ရှိ အများပြည်သူအပန်းဖြေခုံပေါ်တွင် ထိုင်နေစဉ် တရားခံများဖြစ်ကြသော အထက်ပါ
လေးဦးနှင့် တွေ့ဆုံစကားများခဲ့ခြင်းဖြစ်သည်။ စကားများစဉ် တရားခံမျာက နံချပ်ကူဖြင့် ရိုက်ခြင်း၊
အရက်ပုလင်းဖြင့် ရိုက်ခြင်းများ ပြုလုပ်ကြသဖြင့် တရားလိုဖြစ်သူ ဇော်ဦး၊ အီစမိုင်နှင့် အေးမင်းထွန်းတို့
ထွက်ပြေးကြရာ၌ အီစမိုင်သည် ရှမ်းကန်အတွင်းသို့ ခုန်ချထွက်ပြေးစဉ် ရေနစ်သေဆုံးခဲ့ခြင်း
ဖြစ်သည်ဟု ပျဉ်းမနားမြို့မရဲစခန်း စခန်းမှူး တင်ဌေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး