နေပြည်တော်တွင် နိုင်ငံတကာအဆင့် စံပြတက္ကသိုလ်တစ်ခု တည်ထောင်ရန် တာဝန်ရှိသူများ
စတင်ဆွေးနွေးနေပြီဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသားများပါ လက်ခံသင်ကြားပေးနိုင်မည့်
အဆိုပါ တက္ကသိုလ်တည်ထောင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ငါးဦးအပါအဝင် ပုဂ္ဂလိက
စာသင်ကျောင်းတစ်ခုဖြစ်သည့် ILBC တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့
ဇွန် ၁၇ ရက်တွင် ေတွ့ဆုံဆွေးနွေးခဲ့သည်။
''နှုတ်နဲ့ဆွေးနွေးတာပဲရှိပါသေးတယ်။ စာတွေ၊ ဘာတွေတင်ပြီး တရားဝင်လုပ်တာ မဟုတ်သေးဘူး။
နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာတွေ၊ ဘာတွေ တင်ဖို့ပြောတာပေါ့။ သူ့ဆီကိုလည်းစာတင်၊
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီလည်း စာတင်၊ အဲဒီလိုပြန်ပြောတယ်''ဟု ဒက္ခိဏသီရိမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းက ပြောသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံးခန်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော်ပျဉ်းမနား၊
တပ်ကုန်း၊ ပုဗ္ပသီရိ၊ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ
ပါဝင်ခဲ့သည်။
''စာတင်မယ့်အပေါ်မူတည်ပြီး လူကြီးတွေက စဉ်းစားဆုံးဖြတ်ကြမှာပါ။ တက္ကသိုလ်လာဆောက်တာက
ဖြစ်သင့်ပါတယ်။ နေပြည်တော်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်လည်းဖြစ်တယ်။ ှုူဃြ က တင်ပြခဲ့တဲ့
ပုံစံအရဆို စံပြတက္ကသိုလ်တစ်ခုဖြစ်အောင် တည်ဆောက်လိုတယ်။ နိုင်ငံတကာအဆင့်မီလုပ်မှာဖြစ်လို့
နိုင်ငံခြားက ကျောင်းသားတွေကိုပါ လက်ခံမှာဖြစ်တယ်။ ကောင်းပါတယ်။ လုပ်နိုင်ရင် ကောင်းမယ်'' ဟု
ဦးသန့်စင်ထွန်းက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
တစ်ခုတည်းသာရှိပြီး၊ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်ပညာဆက်လက်
သင်ယူလိုပါက မန္တလေးမြို့၊ ကျောက်ဆည်နှင့် ရမည်းသင်းမြို့များရှိ တက္ကသိုလ်များသို့ သွားရောက်
ပညာသင်ကြားနေကြရသည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေကို မြို့နယ်ပေါင်း ရှစ်ခုဖြင့်
ဖွဲ့စည်းထားပြီး အစိုးရဝန်ထမ်းများ၊ ဒေသခံများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ အပါအဝင်
စုစုပေါင်းလူဦးရေ တစ်သန်းကျော်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေမှ
တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆို သူ တစ်သောင်းခွဲကျော်ရှိခဲ့ပြီး၊ ငါးထောင်ကျော်
အောင်မြင်ခဲ့သည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြင်ပသို့ သွားရောက်ကာ တက္ကသိုလ်ပညာဆည်းပူးလိုသော
ကျောင်းသားများအနေဖြင့် နေထိုင်ရန်စရိတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် အခြားအခက်အခဲများလည်း
ရှိကာ ငွေကုန်ကြေးကျခံ၊ အချိန်ကုန်လူပန်းဖြင့် ပညာသင်ကြားနေရသည်ဟု မန္တလေး
အဝေးသင်တက္ကသိုလ်မှ ၂ဝဝ၉ ခုနှစ်တွင် ပထဝီဝင်ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူ ပျဉ်းမနားမြို့မှ
ကိုကျော်သီဟက ပြောသည်။
















