စီမံကိန်းများအား ပြန်လည်သုံးသပ်ရေးအဆို မှတ်တမ်းသာတင်

စီမံကိန်းများအား ပြန်လည်သုံးသပ်ရေးအဆို မှတ်တမ်းသာတင်

ပြည်သူ့လွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့သည့် နိုင်ငံတဝန်း ပြည်သူများ သဘောမတွေ့
လက်မခံသော နှစ်ရှည်စီမံကိန်းများနှင့် အစိုးရအဆက်ဆက် ခွင့်ပြုထားသည့် လုပ်ငန်းများအား
ပြန်လည်စီစစ်ပေးရန် ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီး
လွှတ်တော်ကိုယ်စားလှယ်များက အမြင်အမျိုးမျိုးဖြင့်ဇွန်၂၃ ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက်
လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုကို ချောင်းဆုံတံတားအား ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် တိုက်တွန်းကြောင်းအဆိုကို
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ သမီးဖြစ်သူ၊
မွန်ပြည်နယ် ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက တင်သွင်းထားခြင်း
ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးတို့က ဆွေးနွေးခြင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း တင်ပြပြီးနောက် မှတ်တမ်းတင်နိုင်ခဲ့ခြင်း
ဖြစ်သည်။

စီမံကိန်းများကို ပြည်သူအများစု ကန့်ကွက်နေခြင်းသည် အဆိုပါစီမံကိန်းများက ၎င်းတို့ ဒေသ၏
သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတိကို ထိခိုက်နေသောကြောင့်ဖြစ်ပြီး ဒေသခံများ၏ စိုက်ပျိုးရေး၊
ရေအရင်းအမြစ်များနှင့် လူနေမှုဘဝများကို ထိခိုက်လျက်ရှိကြောင်း သထုံမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ထော်ကခံပြောကြားသည်။

"စီမံကိန်းတစ်ခုကြောင့် အဲဒီဒေသကပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်မယ်ဆိုရင်
ဖြစ်သင့်ပါမလား"ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုကို ထောက်ခံပြီး စီမံကိန်းများကို ခွင့်ပြုခဲ့သော ယခင်အစိုးရများနှင့် ယင်းစီမံကိန်းများကို
လုပ်ပိုင်ခွင့်ယူခဲ့သည့် လုပ်ငန်းရှင်များအား ထောက်ပြဝေဖန််ခဲ့သူများထဲတွင် ဖားဆောင်းမြို့နယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူလည်း ပါဝင်သည်။

"အစိုးရသစ်အနေဖြင့် တစ်နိုင်ငံလုံးရှိ စီမံကိန်းလုပ်ငန်းများနဲ့ ပတ်သက်ပြီး လူတစ်စု
အကျိုးစီးပွားအတွက် မဖြစ်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက်ဖြစ်စေရန် သေချာစီစစ်ပြီး
စနစ်တကျစီမံခန့်ခွဲဖို့လိုပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် စီမံကိန်းများ လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဆက်ဆက်က
ဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့် အလုံးစုံပြန်လည်သုံးသပ်ခြင်းထက် ချင့်ချင့်ချိန်ချိန် သုံးသပ်
ဆောင်ရွက်သင့့်ကြောင်း အကြံပြုဆွေးနွေးသူများလည်း ရှိနေသည်။

စမ်းချောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး သည်လည်း ထိုအထဲတွင်
ပါဝင်သည်။

"အစိုးရတစ်ရပ်အနေနဲ့လုပ်ပြီဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံသူများကို
မိတ်ဘက်လူတန်းစားအဖြစ် ရှုမြင်ဖို့ လိုအပ်ပါတယ်"ဟု ပြောကြားသွားခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး