အစိုးရအဖွဲ့ဝင်ဟောင်းများ ပိုင်ဆိုင်သည့် လယ်မြေများကို ပြန်လည်စိစစ်ရေးကော်မတီ စတင်စစ်ဆေး
ယခင်အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်သည့် နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်၊ သရက်ဇုန်အတွင်းရှိ
လယ်ယာမြေဧက၁၄၀ ဧကတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း ရှိ၊ မရှိကို ခရိုင်နှင့် မြို့နယ်
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက
ဇွန်လ ၂၆ ရက်နေ့က စတင်စစ်ဆေးနေပြီဖြစ်သည်။
တောင်သူဦးရေ ၉၀ ကျော်၏ တိုင်ကြားချက်အရ စစ်ဆေးရခြင်းဖြစ်ကြောင်း ဒက္ခိဏခရိုင်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ပြောသည်။
"ကျွန်တော်တို့ ဒက္ခိဏခရိုင်ကတောင်သူတွေ တိုင်စာနဲ့ ပတ်သက်ပြီး အမှန်တကယ်
လုပ်ကိုင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးတာပါ" ဟု ၎င်းက ပြောသည်။
















