နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်အတွင်း ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများ ပိုင်ဆိုင်သည့်မြေဧက ၁၄ဝ
အတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း ရှိ၊မရှိကို မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက ယခုလ ၂၆ ရက်တွင်စတင်စစ်ဆေးနေပြီဖြစ်ကြောင်း
တာဝန်ရှိသူက ပြောသည်။
နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်အတွင်း ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများ ပိုင်ဆိုင်သည့်မြေဧက ၁၄ဝ
အတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း ရှိ၊မရှိကို မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက ယခုလ ၂၆ ရက်တွင်စတင်စစ်ဆေးနေပြီဖြစ်ကြောင်း
တာဝန်ရှိသူက ပြောသည်။
တောင်သူဦးရေ ၉ဝ ကျော်၏ တိုင်ကြားချက်အရ စစ်ဆေးရခြင်းဖြစ်ကြောင်း ဒက္ခိဏခရိုင်လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်မြင့်ဦးက ပြောသည်။
''ကျွန်တော်တို့ ဒက္ခိဏခရိုင်ကတောင်သူတွေ တိုင်စာနဲ့ ပတ်သက်ပြီး အမှန်တကယ်လုပ်ကိုင်ထားခြင်း
ရှိ၊ မရှိစစ်ဆေးတာပါ'' ဟု ၄င်းက ပြောသည်။
ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်ကြသည့် ဦးဝင်းထွန်း၊ ဦးအေးမြင့်မောင်နှင့် ဦးကျော်မြင့်တို့က
ဧက ၃ဝ စီ၊ ဦးခင်မောင်အေးနှင့် ဦးသိန်းအောင်က ၂၅ ဧကစီပိုင်ဆိုင်ထားပြီး၊ လျော်ကြေးငွေ
လျော့နည်းရရှိခြင်း၊ လျော်ကြေးငွေ မရရှိခြင်းနှင့် စိုက်ပျိုးလုပ်ကိုင်ခွင့်မရှိသည့် မြေများကို ပြန်လည်
ပေးအပ်စေလိုခြင်းကြောင့် တောင်သူများကဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို
တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
''အခုလက်ရှိအနေအထားမှာတော့ ဂျီပီအက်စ်နဲ့ ကွင်းကိုပတ်နေတုန်း၊ လေးနှစ်အတွင်းမှာစိုက်ပျိုးမှုက
ရာခိုင်နှုန်းပြည့်ပြီးရမယ်။ လက်ရှိအနေအထားက ဘယ်လောက်စိုက်ပျိုးထားတာရှိလဲဆိုတာကို
မှတ်တမ်းယူမယ်၊ ပြီးရင် မြေလွတ်မြေရိုင်းဥပဒေနဲ့ ပတ်သက်လို့ ချိတ်ဆက်သွားနိုင်အောင်
ကျွန်တော်တို့ ကြိုးစားရမှာပေါ့'' ဟု ဦးကျော်မြင့်ဦးက ပြောသည်။
မြေစာရင်းဦးစီးဌာန၏ မှတ်တမ်းအရ အဆိုပါမြေများကို ၂ဝ၁၅ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ပြုခဲ့သော်
လည်း ၂ဝ၁၁ ခုနှစ်မှသာ အမှန်တကယ်လုပ်ကိုင်ခဲ့သည်ဟု နေပြည်တော်ကောင်စီ၊ လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးခင်မောင်ဆွေက ပြောသည်။
''တကယ်တမ်းလုပ်တာကတော့ ၂ဝ၁၁ခုနှစ်ဝန်းကျင်က၊ လက်ရှိအစိုးရသစ် ပြောင်းခါနီးမှာအချိန်ကာလ
တစ်ခုကို နည်းနည်းကစားလိုက်တဲ့ သဘောရောက်တယ်။ ဒါကိုလက်မခံဘူး၊ အမှန်တကယ်လုပ်ငန်းစတင်
အကောင်အထည်ဖော်တဲ့နှစ်ကို ဒီဘက်နှစ်တွေကိုပါ ယူပြီးလေးနှစ်အတွင်း အပြီးစိုက်ရမယ်ဆိုတဲ့
ဥပဒေနဲ့ ညီ၊ မညီ သုံးသပ်မယ်။ ခွင့်ပြုနှစ်ကို အမှန်ဖြစ်အောင် ပြန်စစ်ဆေးရဖို့တော့ ရှိနေတယ်''ဟု
၄င်းက ပြောသည်။
လက်ရှိတွင် အဆိုပါမြေအချို့၌ သရက်၊မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ ကြက်မောက်နှင့် ယူကလစ်စသည့်
နှစ်ရှည်ပင်များ စိုက်ပျိုးထားခြင်း ရှိသကဲ့သို့ လုံးဝစိုက်ပျိုးခြင်းမရှိသည့် မြေများလည်း ရှိနေသည်ဟု
ဆိုသည်။
''ဒီမြေကို အဘက တစ်ဧက သုံးသိန်းနှုန်းနဲ့ ၂ဝ၁၂ ခုနှစ်လောက်က ပြန်ဝယ်ထားတာ။ ဧက ၃ဝ စလုံး
စိုက်ထားပြီးသားခင်ဗျ'' ဟု အစိုးရအဖွဲ့ဝင်ဟောင်း ဦးဝင်းထွန်း၏ ခြံတာဝန်ခံ ဦးဇော်သိန်းက
ပြောသည်။

















