အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်အတည်ပြု

အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်အတည်ပြု

မျိုးစောင့်ဥပဒေ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းကို ဇူလိုင် ၂၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်
အစည်းအဝေးတွင်အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း
ကော်မတီက ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အတိုင်းထားရှိရန် တင်သွင်းခဲ့ပြီးနောက်
ဥပဒေကြမ်းအပေါ် ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တောင်းခံခဲ့သော်
လည်း ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အထူးထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အသက်သတ်မှတ်ချက်၊
အိမ်ထောင်ပြုသည့် မှတ်တမ်း၊ တရားရုံးတွင် ဖြေရှင်းပေနိုင်မည့် အမှုကိစ္စငယ်များနှင့်
တစ်ထောင်ကျပ်ထက်မပိုသော ဒဏ်ငွေစသည့် စကားရပ်များကို အစားထိုးပြင်ဆင်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး