သစ်ခိုးထုတ်သူများကို ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ်ကျပ်သိန်း ၃ဝ အထိ ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ထား

သစ်ခိုးထုတ်သူများကို ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ်ကျပ်သိန်း ၃ဝ အထိ ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ထား

 

နိုင်ငံအတွင်း မြင့်မားနေဆဲဖြစ်သော တရားမဝင်သစ်ခိုးထုတ်မှုများကို လျှော့ချနိုင်ရေးအတွက် ပြစ်ဒဏ်
ချမှတ်ရာတွင် ထောင်ဒဏ် ၁၅ နှစ်အပြင် ကျပ်သိန်း ၃ဝ အထိ ငွေဒဏ်ချမှတ်နိုင်ရန် ၁၉၉၂ ခုနှစ်တွင်
ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပြင်ဆင်ထားသည်ဟု သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ဇူလိုင် ၂၈ ရက်
ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

နိုင်ငံအတွင်း မြင့်မားနေဆဲဖြစ်သော တရားမဝင်သစ်ခိုးထုတ်မှုများကို လျှော့ချနိုင်ရေးအတွက် ပြစ်ဒဏ်
ချမှတ်ရာတွင် ထောင်ဒဏ် ၁၅ နှစ်အပြင် ကျပ်သိန်း ၃ဝ အထိ ငွေဒဏ်ချမှတ်နိုင်ရန် ၁၉၉၂ ခုနှစ်တွင်
ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပြင်ဆင်ထားသည်ဟု သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ဇူလိုင် ၂၈ ရက်
ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

''ဥပဒေအသစ်ပြဋ္ဌာန်းပြီးရင် တရားမဝင်သစ်ထုတ်လုပ်သယ်ဆောင်တဲ့ပြစ်မှုများအပေါ် နောင်ကျဉ်တဲ့
အထိ ထိရောက်စွာ အရေးယူမှာဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံံတွင် ၁၉၇၅ ခုနှစ်က သစ်တောဖုန်းလွှမ်းမှုဧရိယာမှာ ၆ဝ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သော်
လည်း ၂ဝ၁၅ ခုနှစ်တွင် ၄၂ ဒသမ ရ ရာခိုင်နှုန်းသာရှိတော့ကြောင်း နိုင်ငံတကာစားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က ခန့်မှန်းထုတ်ပြန်ထားသည်။

သစ်တောပြုန်းတီးမှု ဖြစ်စေသည့်အကြောင်းရင်းများတွင် သစ်အလွန်အကျွန်ထုတ်ယူခြင်း၊
တရားမဝင်ထုတ်ယူခြင်း၊ တောမီးလောင်ခြင်း၊ သဘာဝဘေးဒဏ်များခံစားရခြင်း စသည့်
အကြောင်းများ ပါဝင်နေပြီး၊ နှစ်စဉ်နိုင်င့ံဧရိယာ၏ ၁ ဒသမ ရ ရာခိုင်နှုန်းသည် သစ်တောပြုန်းတီးမှု
လျက်ရှိသည်ဟု ဦးအုန်းဝင်းက ပြောသည်။

ကျေးလက်ဒေသနေပြည်သူများ လူနေမှုဘဝနိမ့်ကျခြင်း၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များ
များရသည့်အဓိကလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်နေခြင်း၊ စီးပွားရေးသမားများက ငွေကြေး
ရင်းနှီးမြှုပ်နှံကာ တရားမဝင်ထုတ်ယူနေခြင်း၊ တရားမဝင်လက်ကိုင်စက်လွှများနှင့် လိုင်စင်မဲ့
ယာဉ်၊ ယန္တရားများအလွယ်တကူ ဝယ်ယူရရှိနေခြင်း၊ နယ်စပ်တွင် တရားဥပဒေစိုးမိုးမှု
အားနည်းခြင်း၊ ဥပဒေ၏ အကျိုးသက်ရောက်မှုအားနည်းခြင်းနှင့် ဝန်ထမ်းအင်အားနည်းနေခြင်း
များကြောင့်လည်း တရားမဝင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်နေသည်ဟု ၄င်းက လွှတ်တော်တွင်
ပြောကြားခဲ့သည်။

အစိုးရသစ်စတင်တာဝန်ယူသည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့်သစ်မာစုစုပေါင်း
တန်နှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသားအပါအဝင် သစ်ခိုးထုတ်သောတရားခံ ၈,၃၃၇
ဦးနှင့် ယာဉ်၊ ယန္တရား ၂,၅၉၉စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိ၂ဝ၁၇-၁၈
ဘဏ္ဍာနှစ် ဧပြီ၊ မေနှင့် ဇွန်လအတွင်း တရားမဝင် သစ်တန်တစ်သောင်းခြောက်ထောင်ကျော်နှင့်
တရားခံ၂,ဝ၈၈ ဦး၊ ယာဉ်၊ ယန္တရား ၉၇၃ စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဦးအုန်းဝင်းက
ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သည်။

စေတုတ္တရာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်အောင်လွင်ကမူ တရားမဝင်
သစ်ထုတ်ယူမှုများကို အကြိမ်ရေစိပ်စိပ် တွေ့ရှိနေရကြောင်းနှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းမှ
တာဝန်ရှိသူအချို့လည်း ပါဝင်ပတ်သက်မှုရှိနေကြောင်း ပြောကြားသည်။

''အချို့အချို့သော မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများလည်း ဆက်စပ်ပါဝင်လျက်
ရှိတာကို တွေ့ရှိကြား သိနေရပါတယ်''ဟု ၄င်းက ပြောသည်။

တရားမဝင်ထုတ်ယူသော သစ်များ ဖမ်းမိရာတွင်ပိုင်ရှင်မဲ့သစ်များ ဖမ်းဆီးရမိခြင်းအပေါ်
လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြခဲ့ကြသည်။ ထိုကဲ့သို့ပိုင်ရှင်မဲ့ဖမ်းဆီးရမိခြင်း
သည် သစ်ခိုးထုတ်သူများသည်အဖွဲ့အစည်းလိုက် လှုပ်ရှားသွားလာလေ့ရှိပြီး ဥပဒေစိုးမိုးမှု
နည်းသည့် နယ်မြေများတွင် ဖမ်းဆီးရမိခြင်း၊တောတွင်းနေရာများတွင် ဖမ်းမိခြင်း၊ မြို့နှင့်
ကျေးရွာအနီးတွင်မိသော်လည်း ဒေသခံများက တရားခံကို ထုတ်ဖော်ပြောကြားလေ့မရှိိခြင်း၊
ပိုင်ရှင်နှင့်အတူ တွေ့သော်လည်း လက်ရဖမ်းဆီးရာတွင် ထွက်ပြေးတိမ်းရှောင်ခြင်း၊
ဖမ်းဆီးစဉ် အုပ်စုဖွဲ့ခုခံသောကြောင့် ဖမ်းဆီးသူမှာ ထွက်ပြေးခဲ့ရခြင်းတို့ဖြစ်သည်ဟု
ဆိုသည်။

တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးရာတွင် ၂ဝဝ၂-၂ဝဝ၃ ခုနှစ်မှ လက်ရှိဘဏ္ဍာနှစ်အထိ
လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် သစ်တောဝန်ထမ်း ရှစ်ဦးသေဆုံးခဲ့ပြီး၊ ၄၂ ဦး
ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး