ယခုနှစ် ဇွန်လဆန်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အား သမိုင်းတစ်
လျှောက်ဒေသတွင်း ကျင်းပပြုလုပ်ခဲ့သမျှ ဖိုရမ်များတွင် အကြီးဆုံးဖိုရမ်အဖြစ် ကျင်းပသွားရန် စီစဉ်
နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒီနှစ် (၂၂)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့တဲ့အတွက် ကျွန်တော်
တို့ ဂုဏ်ယူပါ တယ်။ ဒီဖိုရမ်ကို (၂၂)ကြိမ်မြောက်အဖြစ် ဒေသတွင်းမှာ ကျင်းပမှာဖြစ်တဲ့အတွက်
ဒီနှစ်ဖိုရမ်ကတော့ ကျွန်တော်တို့ အာရှမှာ ကျင်းပခဲ့တဲ့ ဖိုရမ်သမိုင်းတစ်လျှောက် အကြီးမားဆုံးဖိုရမ်
ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု ကမ္ဘာ့စီးပွားရေး အာရှဌာနချုပ်နှင့် အကြီးတန်း ဒါရိုက်တာ
တစ်ဦးဖြစ်သူ မစ္စတာ Sushant Palakurthi Rao က မေလ ၁ ရက်နေ့ ကုန်သည်ကြီးများဟိုတယ်
၌ ပြုလုပ်သည့်ရှင်းလင်းပွဲတွင် ပြောကြားသည်။
အရှေ့အာရှတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာအဆင့် ကျင်းပသည့် (၂၂)ကြိမ်မြောက် ကမ္ဘာ့
စီးပွားရေးဖိုရမ်အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လာမည့် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ
နေပြည်တော်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကာ ဖိုရမ်သို့ စီးပွားရေးလုပ်ငန်းများ မှ ကမ္ဘာ့ထိပ်သီး
စီးပွားရေးစီရင်ဆုံးဖြတ်သူများ၊ အစိုးရ၊ ပညာရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ
တက်ရောက်ကြမည်ဟု ၎င်းကပြောသည်။
"ဒီနှစ် ဖိုရမ်ကို တက်ရောက်လာမယ့် လူတွေကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ
ကြောင့်သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာ မြန်မာနိုင်ငံကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ
အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ကျွန်တော်ဒီမှာ အဓိကပြောချင်တာက အခုကျင်းပမယ့်ဟာ
က ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်မဟုတ်ပါဘူး"ဟု ှကျ့ညေအ ဏေူေုကမအ့င ျွသေ က ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကျင့်ဝတ်ရှိတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ ဖြစ်ပါတယ်။
ကျင့်ဝတ်ရှိတဲ့ စီးပွားရေးဆိုတာ စီးပွားရေးလုပ်ငန်း တစ်ခုမှာ အစုရှယ်ယာပါဝင်သူတွေ အားလုံး
အကျိုးခံစားနိုင်တဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုမျိုးကို ပြောတာပါ"ဟု ၎င်းက ပြောကြားသည်။
ဖိုရမ်အား 'ပါဝင်ခြင်းနှင့် ပေါင်းစည်းခြင်းအတွက် ရဲရဲဝံ့ဝံ့ ပြုပြင်ပြောင်းလဲခြင်း' ဟူသော ခေါင်းစဉ်ကြီး
အောက်တွင် တစ်ပေါင်းတည်း ပြုပြင်ပြောင်းလဲခြင်းအတွက် စိတ်ကူးဉာဏ်စိုက်ထုတ်ခြင်း၊ ဒေသ
တွင်း ပူးပေါင်းဆောင်ရွက်မှုကို သိမြင်ဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့အလယ် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန်
အတွက် ဒေသတွင်း အဖြေရှာခြင်းများ စသည်ဖြင့် ခေါင်းစဉ်ခွဲသုံးခုဖြင့် ဆွေးနွေးမည်ဖြစ်သည်။
ထို့ပြင် ဖိုရမ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ခေါင်း ဆောင်များသာမက အရပ်
ဘက် လူ့အဖွဲ့ အစည်း၊ အစိုးရနှင့် ပညာရေးဆိုင်ရာမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဟု
Sushant Palakurthi Rao က ပြောကြားသည်။
"သက်တမ်းတို စိတ်ကူးအမြင်အစား ရေရှည်စိတ်ကူးအမြင်အဖြစ် မြန်မာနိုင်ငံ နဲ့ တခြားပါဝင်ပတ်
သက်သူအားလုံးကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလယ်မှာ ထုတ်ဖော်ပြသချင်တာပါ။ ကျွန်တော်တို့
ဦးစားပေး အာရုံစိုက်တာကတော့ အလုပ်အကိုင် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ နောက်ပညာရေး
ဆိုင်ရာအခွင့်အလမ်း ပိုမိုပေါ်ထွက်လာရေးနဲ့ လူမှုရေး စွမ်းဆောင်ရှင် ပိုမိုပေါ်ထွက်လာရေးကိုလည်း
အာရုံစိုက်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးအား လွှဲပြောင်းတာဝန်ရယူမည်
ဖြစ်သော ကြောင့် အဖွဲ့ဝင် ၁၀ နိုင်ငံ၏ စီးပွားရေးကို ၂၀၁၅ ခုနှစ် စီးပွားရေးပေါင်းစည်းမှုဆီသို့
ဖော်ဆောင်ရေးအတွက် လမ်းညွှန်ရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍ မှ ဦးဆောင်ပါဝင်ရ
မည်ဖြစ်သည်ဟု ဆိုသည်။
"လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးက တစ်နည်းအားဖြင့် မြန်မာနိုင်ငံ နဲ့ ပတ်သက်သလို
ဒေသတွင်းနဲ့လည်း ပတ်သက်ပါတယ်။ ဒီဖိုရမ်က အရှေ့အာရှ ထိပ်သီးအစည်းအဝေးလည်း
ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ်သာမက အနာဂတ် အာဆီယံ
ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် နိုင်ငံအဖြစ်နဲ့ပါ မြန်မာနိုင်ငံရဲ့ ပေါင်းစည်းဆောင်ရွက်မှုတွေကို
ကျွန်တော်တို့ လေ့လာသွားမှာ ဖြစ်ပါတယ်"ဟု Sushant Palakurthi Rao က ပြောကြားသည်။
ထို့ပြင် ကမ္ဘာ့စီးပွားရေးဖိုရမ် မစတင်မီ ယခုကတည်းကပင် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရသည့်
စွမ်းအင်၊ ရေရှည် တည်တံ့သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆိုင်ရာများကို ကနဦး
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့်အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင်များ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး
ကိုလည်း ဇွန်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။














