အသင်းအဖွဲ့ဥပဒေကြမ်း ပြန်ဆွေးနွေးမည်

အသင်းအဖွဲ့ဥပဒေကြမ်း ပြန်ဆွေးနွေးမည်

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပေဒကြမ်းသည်
တားမြစ် ချက်နှင့် အရေးယူခြင်းများသာ ပါ၀င်ပြီး အကာအကွယ်ပေးသည့်အချက်များ မပါ၀င်
ကြောင်း ဩဂုတ်လ ၁၅ ရက်က နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင်
အသင်းအဖွဲ့ ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်ဘက် လူ့အဖွဲ့အစည်း ၂၀၀ ကျော်မှ
ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ ကိုယ်စားလှယ်များ
တက်ရောက်ကြပြီး အခန်း ၁၀ ခန်း၊ အပိုဒ် ၂၆ ပိုဒ်ပါ၀င်သော ဥပဒေကြမ်းကို ဆွေးနွေးကြခြင်း
ဖြစ်သည်။

"အခု ဒီဥပဒေမူကြမ်းမှာ မှတ်ပုံမတင်ရင် ပြစ်ဒဏ်ဆိုတဲ့ ဆိုတဲ့အပိုင်းလျှော့ပေါ့တယ် ဆိုပေမယ့်
အသင်းအဖွဲ့ကို အကာအကွယ်ပေးမယ့် အပိုဒ်မတွေ့သေးပါဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသား
ဦးကိုကိုကြီးက ထောက်ပြခဲ့သည်။

သို့သော် ယခင်က ဥပဒေများသည် တားမြစ်ချက် နှင့်ပြစ်ဒဏ်များသာ အလေးပေးပြဋ္ဌာန်းခဲ့
သော်လည်း ယခု လွှတ်တော်သည် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးစေရန်၊ အားကောင်းစေရန်
ချဉ်းကပ်သည်ဆိုသော ရည်ရွယ်ချက်ကို ကြားသိရရုံဖြင့် ပီတိဖြစ်ပြီး 'ဒီနေ့ ဆွေးနွေးချက်ဟာ
သမိုင်းမျက်နှာစာသစ်လို့ တောင် တင်စားချင်ပါတယ်' ဟု ဦးကိုကိုကြီးက ဖြည့်စွက်ပြောကြား
သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး ဦးတင်မောင်ဦးက အသင်း
အဖွဲ့များကို ဖွံဖြိုးတိုးတက်မှုကို အားပေးသည့် ဥပဒေ ဖြစ်လာစေရန် လွှတ်တော်က ဆက်လက်
ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး ဥပဒေကြမ်းအမည်ကိုလည်း 'အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်
ရေးဆိုင်ရာ မှတ်ပုံတင်ရေး ဥပဒေ' ဟု ပြန်ပြင်နိုင်ရန် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု
ကတိပြုခဲ့သည်။

"ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ယုံကြည်ပါ။ ဥပဒေကြမ်းထဲမှာပါတဲ့ ပြစ်ဒဏ်အဖြစ်
သတ်မှတ်ထားတာတွေကို ပြန်ဆွေးနွေးမယ်" ဟု ဦးတင်မောင်ဦးက ပြောသည်။

အသင်းအဖွဲ့ တစ်ခုခု၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်သည် ဖွဲ့စည်းခွင့်လက်မှတ်
မရှိဘဲ အသင်းအဖွဲ့ လုပ်ငန်းများဆောင်ရွက်ပါက ထိုသူအား အခြားမည်သည့် အသင်းအဖွဲ့တစ်ခု
တွင်မျှ ၅ နှစ်ကာလအတွင်း ပါ၀င်လှုပ်ရှားခြင်းဆောင်ရွက် ခြင်းမပြုစေရန်၊ အဖွဲ့ဝင်အဖြစ် ပါ၀င်ပါက
၃ နှစ် ကာလအတွင်း ပါ၀င်လှုပ်ရှားမှု ဆောင်ရွက်ခြင်းမရှိစေရန် တားမြစ်ထားသည်။

မည်သည့်နိုင်ငံတကာအစိုးရမဟုတ်တဲ့ အသင်းအဖွဲ့မျှ မှတ်ပုံတင် လက်မှတ်မရှိဘဲ အသင်းအဖွဲ့
အဖြစ် ရပ်တည်လှုပ်ရှားဆောင်ရွက်ပါက ထိုအသင်းအဖွဲ့၏ တာဝန်ခံပုဂ္ဂိုလ်အား ကျပ် ငါးသိန်း
ထက်မပိုသော ငွေဒဏ်နှင့် အဖွဲ့ဝင်အဖြစ် ပါ၀င်သူအား ကျပ် သုံးသိန်းထက် မပိုသော ငွေဒဏ်ကို
ချမှတ်ရမည်ဟု ဖော်ပြထားသည်။

"အသင်းအဖွဲ့တွေ မှတ်ပုံမတင်ရင် ပြစ်ဒဏ်ဆိုတာထက် မှတ်ပုံတင်ရင် ဘာအခွင့်အရေးတွေရမယ်
ဆိုတာ ပါသင့်တယ်။ ဥပမာဪရန်ပုံငွေ ရရှိရေးတို့၊ နိုင်ငံတကာ အဆက်အသွယ်တို့စတဲ့
မက်လုံးတွေပိုရမယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ပြစ်ဒဏ်ကတော့ လုံးဝ မပါသင့်ပါဘူး" ဟု
ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်
ကပြောသည်။

ယခုဥပဒေကြမ်းကို လွှတ်တော်က အတည်မပြုမီ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့များ
ဆိုင်ရာဥပဒေကို ခေတ္တဆိုင်းငံ့ထားစေရန် အရပ်ဘက်လူ့ အဖွဲ့အစည်းများက တောင်းဆိုဆွေးနွေး
ခဲ့ကြသည်။

ထိုဥပဒေသည် အသင်းအဖွဲ့များ ဖွဲ့စည်းတည် ထောင်ပါက မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံမတင်
သည့်အဖွဲ့များကို ထောင်ဒဏ် ငါးနှစ်ထက်မနည်း ချရန်ပြဋ္ဌာန်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး