လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် နေပြည်တော်၌ အောင်မြင်စွာ ကျင်းပ

လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် နေပြည်တော်၌ အောင်မြင်စွာ ကျင်းပ

မြန်မာပြည်အနှံ့ လှည့်လည်ပြသမည့် မြန်မာနှင့် နိုင်ငံတကာမှတ်တမ်း ရုပ်ရှင်များဖြစ်သည့်
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ခရီးသွား ရုပ်ရှင်ပွဲတော်ကို နေပြည်တော် ဂျန်းရှင်းမီနီ ရုပ်ရှင်ရုံတွင်
စက်တင်ဘာလ ၂၂ ရက်နေ့က အောင်မြင်စွာ ပြသခဲ့သည်။

"အကြောက်တရားတွေရှိခဲ့တဲ့၊ ခုထိလဲကြောက်နေရတဲ့ နေပြည်တော်မှာ ဒီရုပ်ရှင်ပွဲတော် ဒီလောက်
အောင်မြင်မယ်လို့ မှန်းမထားဘူး။ ဒီရုပ်ရှင်ရုံ ရောက်ဖို့ တစ်စုံတစ်ရာအားစိုက်ထုတ်ခဲ့ရလို့
လာရောက်အားပေးတဲ့ ပရိသတ်ကို ကျေးဇူးအထူးတင်ပါတယ်။ ပြသခွင့် ပြုခဲ့တဲ့ အစိုးရအဖွဲ့အစည်း
တွေကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ခရီးသွား ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးအတွက် ပွဲစီစဉ်သူ
တာဝန်ခံ ဒေါ်မွန်မွန်မြတ် (ကဗျာဆရာမ မြတ်)ကပြောသည်။

"အစိုးရအုပ်ချုပ်တဲ့ မြို့တော်မှာ ကျင်းပဖို့ ပထမမှာ အစီအစဉ်မရှိပါဘူး။ ခုလိုလည်း ရုံပြည့်အားပေး
မယ်လို့လည်း မမျှော်လင့်ပါဘူး။ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ရုံ ပြည့်လာကြည့်
တဲ့အတွက် အပင်ပန်းခံ ရကျိုးနပ်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး
က ပြောသည်။

"ဆိုက်ကားသမား၊ လယ်သမား၊ ကုမ္ပဏီပိုင်ရှင်စတဲ့ ဆင်းရဲ ချမ်းသာ မရွေး လူ့ဂုဏ်သိက္ခာ၊
လူ့အခွင့်အရေး အပြည့်ခံစားရမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင် ငြိမ်းချမ်းတဲ့နိုင်ငံကြီး
တည်ဆောက်နိုင်မယ်။ ဒါကြောင့် အင်မတန် အရေးကြီးပါတယ်"ဟု ပျဉ်းမနားမြို့မှ ကဗျာဆရာ
မောင်ကြူးရင့်က ပြောသည်။

"ခုပြသွားတဲ့ ရုပ်ရှင်တွေကြည့်ပြီး ဒီအသက်အရွယ်အထိ ကျွန်တော်နိုင်ငံ တော်အတွက် ဘာတွေ
လုပ်ပြီးပြီလဲ မေးခွန်းထုတ်မိနေပါပြီ။ ကိုယ်လုပ်ထားတာလေးတွေက ဒီဖြစ်ရပ်မှန်ရုပ်ရှင်ထဲက
အစ်ကိုတွေရဲ့ အနာခံဆောင်ရွက်ခဲ့တာတွေနဲ့ မနှိုင်းလောက်ပါဘူး"ဟု ၂၅ နှစ်အရွယ် ကုမ္ပဏီ
၀န်ထမ်းတစ်ဦး က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး