၀ဲကြီးရွာမှ တရားစွဲခံထားရသူများ လာရောက် အဖမ်းခံ

၀ဲကြီးရွာမှ တရားစွဲခံထားရသူများ လာရောက် အဖမ်းခံ

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးရွာတွင် စက်တင်ဘာလ ၁၉ ရက်နေ့က
ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ပြည်သူ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချိန်တွင် နှောင့်ယှက်
ဟန့်တားခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၃၃/
၂၉၄/၁၁၄) ဖြင့် ရွာသား ၁၀ ဦးကို အမှုဖွင့်အရေးယူထားရာ ၎င်းတို့က စက်တင်ဘာလ ၂၈ ရက်
နေ့တွင် ကျည်တောင်ကန်ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

"ဆရာတော်နဲ့ ဒေါ်စန္ဒာမင်းတို့က ကြားထဲကနေ ဖြေရှင်းပေးပါတယ်။ သူတို့တွေ ကိုယ်တိုင်
လာအဖမ်းခံပါတယ်။ ဥပဒေဘောင်အရ ဖြေရှင်းမယ် ဆိုပြီး ကိုယ်တိုင်လာကြတာပါ။ ဒီအမှုကို
စစ်မယ့် ဥတ္တရသီရိရဲစခန်းမှာ ထင်သာမြင်သာစစ်လို့ရတဲ့ စီစီတီဗီ တွေတပ်ထားပါတယ်။ မည်သူ
မဆိုလာကြည့်နိုင်တယ်။ အာမခံမရတဲ့ အမှုဖြစ်လို့ တရားခံများကိုတော့ ချုပ်ထားမှာဖြစ်ပါတယ်"
ဟု ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသူရက ပြောသည်။

"တရားခံတွေကိုယ်တိုင် လာအဖမ်းခံပါတယ်။ ဒီအတွက် အမှုတည်ဆောက်ပြီး ဥပဒေအရာရှိကနေ
တစ်ဆင့် တရားရုံးကိုတင်ဖို့ပဲ ရှိပါတော့တယ်"ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲတပ်ဖွဲ့မှူး
တစ်ဦးက ပြောသည်။

"ကိုယ်တိုင် လာရောက်ဖြေရှင်းပါတယ်၊ လာရောက်အဖမ်းခံပါတယ်၊ တရားဥပဒေအတိုင်း လိုက်နာ
ဆောင်ရွက်ခံမှာ ဖြစ်ပါတယ်။ သူတို့ဘက်က ညအချိန်မတော် လာရောက်ကျူးလွန် ထားတာတွေ
ကိုလည်း ကျွန်တော်တို့ ဘက်က နားလည်တဲ့ လူကြီးတွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်သွားမှာဖြစ်ပါ
တယ်။ ဒီအချိန်မှာ ကျွန်တော် ဒီလောက်ဘဲ ပြောနိုင်ပါမယ်"ဟု တရားစွဲဆိုခံထား ရသည့်
ကိုဇော်လတ်က ပြောသည်။

"အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူး ဆိုတာကတော့ ကျွန်တော်တို့ဘက်က ကျူးလွန်ထားတာ
မှန်ရင် ရဲရဲကြီး ခံသွားမယ်။ ဟိုဘက်က ရဲတပ်ဖွဲ့ဖြစ်ဖြစ်၊ ရွာထဲက ရွာသားဖြစ်ဖြစ် အပြစ်ကျူးလွန်
တယ်ဆို ကျောသားရင်သားမခွဲခြားဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်"ဟု
၎င်းကပြောသည်။

ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာနေ တောင်သူလေးဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်
ရေး ဥပဒေပုဒ်မ ၆(၁) အမှုအတွက် တရားခံဟုသတ်မှတ် ၍ စက်တင်ဘာလ ၁၉ ရက်နေ့ ညဉ့်
အချိန် ၂ နာရီတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ဦး ခန့်က လက်နက်အပြည့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ရာမှ
ရဲတပ်ဖွဲ့နှင့်ရွာသားများ အချင်းများမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင် များကို ရွာသားများက ၀ုိင်းဝန်းကာ ဖမ်းဆီး
ချုပ်နှောင်ထားသည့်အတွက် ရဲတပ်ဖွဲ့က အင်အားဖြင့် ပြန်လည်ကယ်တင်ခဲ့ရပြီးနောက်အမှုဖွင့်
ထားခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး