ဥတ္တရသီရိမြို့နယ်၌ ဒုတိယမြောက် Ocean Super Center ဖွင့်

ဥတ္တရသီရိမြို့နယ်၌ ဒုတိယမြောက် Ocean Super Center ဖွင့်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် Ocean Super Center ကို အောက်တိုဘာလ ၁၂ ရက်နေ့
က စတင်ဖွင့်လှစ်ခဲ့သည်။

နေပြည်တော်နေ ပြည်သူများ တစ်နေရာတည်းဖြင့် ပစ္စည်းစုံလင်စွာ အဆင်ပြေပြေ ၀ယ်ယူနိုင်ရေး
အတွက် နေပြည်တော်၌ ဒုတိယမြောက်စင်တာကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု Ocean Super
Center ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ပြောသည်။

"မြို့ပြလိုအပ်ချက်လည်းဖြစ်၊ ဈေးဝယ်မိဘပြည်သူတွေ အဆင်ပြေရေးအတွက် နေပြည်တော်မှာ
ထပ်မံဖွင့်လှစ်ခဲ့တာပါ။ Ocean ရဲ့ ဆောင်ပုဒ်အတိုင်း အကောင်းဆုံးပစ္စည်းတွေနဲ့ အကောင်းဆုံး
၀န်ဆောင်မှုတွေကို အပြည့်ပေးသွားမှာပါ"ဟု ၎င်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

အဆင့်မြင့်အရောင်းဆိုင်များကို အဆိုပါစင်တာတွင် ဖွင့်လှစ်ထားပြီး ဥတ္တရသီရိဟိုတယ်ဇုန်လာ
ပြည်ပနိုင်ငံသားများအတွက် ငွေလဲကောင်တာများ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်သုံး ပရိဘောဂ
များရောင်းချပေးသည့် Casabella Home Furnishing Center အပါအဝင် ဆိုင်ခန်းပေါင်း ၄၀
ကျော် ဖွင့်လှစ်ထားသည်။

ရုပ်ရှင်ရုံနှစ်ခု ပါ၀င်သလို စားသောက်ဆိုင်များလည်း ပါ၀င်ကြောင်း သိရသည်။

"ဒီလို ဈေးဝယ်စင်တာကြီးရှိတာ အဆင်ပြေသွားပြီ။ နီးနီးနားနား အချိန်မရွေးသွားရလို့ရပြီ။ မမြင်ဖူး
တာတွေလည်း ခုမြင်ရပြီ။ အရမ်းဝမ်းသာတယ်"ဟု အဆိုပါစင်တာကြီးအနီးရှိ ရပ်ကွက်နေ မမျိုးက
ပြောသည်။

ယခုဖွင့်လှစ်ခဲ့သည့် စင်တာအပါအဝင် Ocean Super Center သည် မြန်မာနိုင်ငံ၌ ဈေးဝယ်
စင်တာ ငါးခု ဖွင့်လှစ်ခဲ့ ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး