မသန်စွမ်းသူများအား သဘာဝဘေးမှ ဘေးကင်း လုံခြံုရေး ဆောင်ရွက်နေ

မသန်စွမ်းသူများအား သဘာဝဘေးမှ ဘေးကင်း လုံခြံုရေး ဆောင်ရွက်နေ

ကြိုတင်မှန်းဆရန် မလွယ်ကူသည့် သဘာဝဘေးများ ကျရောက်စဉ် သက်ကြီးရွယ်အိုများ၊
မသန်စွမ်းသူများနှင့် အမျိုးသမီးများကို ဦးစားပေး ကူညီစောင့်ရှောက်မှုများပေးနိုင်ရေးကို အထူး
အလေးပေး ဆောင်ရွက်သွားကြရန် ယခု နှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်
လျော့ပါးရေးနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ပြောသည်။

"သဘာဝဘေးအန္တရာယ်ကျရောက်တာတွေက ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။
ဘေးအန္တရာယ် ကျရောက်လာရင် ဒေသခံပြည်သူတွေနဲ့ ဒေသခံအစိုးရတို့ကသာ ပထမဦးဆုံး
ရင်ဆိုင်ဖြေရှင်းရမယ့်သူတွေဖြစ်လို့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရည် တိုးတက်လာစေဖို့ သဘာဝဘေး
အန္တရာယ် လျော့ပါးရေးဆိုင်ရာ သင်တန်းကျောင်းကိုလည်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ
ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများမှ
ဒေသခံများ၊ လူမှုဆိုင်ရာအင်န်ဂျီအို အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ တက်ရောက်နေကြသည်။

ထိုသင်တန်းတွင် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် မသန်စွမ်းသူများကို အချိန်မီဘေးကင်းရာသို့
ပို့ဆောင်နိုင်ရေးများ၊ ဆွံ့အနားမကြားသူများအတွက် လက်သင်္ကေတ ဖြင့်ဆက်သွယ်ပြောကြားမှု
များကို မိုးလေဝသ သတင်း၌ထည့်သွင်းရန် စီစဉ်နေသည်။

ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရယ် လျော့ပါးရေးနေ့အတွက် ကမ္ဘာ့လူဦးရေ၏
၂၀ ရာခိုင်နှုန်း၊ တစ်ဘီလျံခန့်ရှိသည့် မသန်စွမ်းများ၏အခန်းကဏ္ဍကို ကမ္ဘာ့နိုင်ငံ အသီးသီးက
ချန်လှပ်ထားခြင်းမဖြစ်ရန်အတွက် 'သဘာဝဘေးလျော့ပါးရေး မသန်စွမ်းလည်းပူးပေါင်းပေး'
ဆောင်ပုဒ်ကို ကုလသမဂ္ဂဘေးအန္တရာယ် လျော့ချရေးရုံးက ရွေးချယ်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်လွှား၌ ဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ်ပေါင်း ၃၁၀ တွင် လူပေါင်း
၉,၃၃၀ သေကျေပျက်စီးခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ်မှလက်ရှိ အချိန်ထိ သဘာဝဘေးအန္တရာယ်အကြိမ်ပေါင်း
၄၁၈ ကြိမ်၊ ဘေးသင့်သူ ၂၃၄,၅၈၄ ဦးနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၆,၆၄၁ ဒသမ
၉၇ သန်းရှိသည်ဟု ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် အသေအပျောက်အများဆုံး နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း၊ ၂၀၁၁ ခုနှစ်
မကွေးတိုင်းဒေသကြီး လျှပ်တစ်ပြက်ရေမှုကြီး၊ ၂၀၁၂ ခုနှစ် သပိတ်ကျင်း မြေငလျင်တို့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး