လယ်ယာမြေ ပြန်ရရှိရေး ဆီမီးပူဇော် ဆုတောင်း

လယ်ယာမြေ ပြန်ရရှိရေး ဆီမီးပူဇော် ဆုတောင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ တောင်သူများက အသိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်
ရရှိရေးအတွက် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နှင့် ၂ ရက်နေ့များတွင် ဘုန်းကြီးကျောင်းနှင့်
စေတီတော်တို့တွင် ဆန္ဒပြု ဆုတောင်းစာများကို ဆီမီးများဖြင့် ပုံစံဖော်ကာ ပူဇော်ဆုတောင်းပွဲများ
ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆုတောင်းပွဲများကို တပ်၏ အသိမ်းဆည်းခံထားရသည့် သပြေပင်အုပ်စု၊ ခေတ်အေးရွာရှိ ခေတ်အေး၊ ကြို့စလုပ်၊ သပြေပင်၊ နောင်ဘို၊ ကြောင် ရေ၊ ရွာသစ်ကြီး၊ ငွေတောင်နှင့် ညောင် မုတ်ဆိတ်ရွာများမှ တောင်သူ ၁၅၀ ခန့်က တောင်နီတောရဘုန်းတော်ကြီး ကျောင်း၌ 'တပ်သိမ်းလယ်ယာမြေများ ကိစ္စ အမြန်ဖြေရှင်းပေး' စာတန်းကို မီးပုံးပျံသုံးလုံးတွင် ချိတ်ဆွဲ၍လွှတ်တင် ခဲ့ပြီး ၂၀၁၁ ခုနှစ်က လေယာဉ်ကွင်းတည်ဆောက်ရန် အသိမ်းခံခဲ့ရသည့် အေလာအုပ်စုရှိ ရေလည်ကွေ့၊ ဇေယျ သိမ်၊ ရန်ကင်း၊ ကန်သာ၊ သော်မှော် ကုန်းနှင့် ကျွန်းကုန်းစသည့် ရွှေ့ပြောင်း ရွာ ခြောက်ရွာအပါအဝင် သဲကောကြီး၊ သဲကောလေး၊ သပြေပင်၊ စက်ပိုင်း၊ ကြောင်ရေ၊ အေလာနှင့် ၀ဲကြီးရွာများမှ တောင်သူ ရ၀ ခန့်က တိမ်အင်းရွာရှိ တိဏ္ဏစေတီတော်ရင်ပြင်တွင် 'အသိမ်းဆည်းခံတောင်သူလယ်သမားများအား ကယ်တော်မူပါ' စာတန်းကို ဆီမီးခွက် ဖြင့် ပုံဖော်ကာ ညနေ ၆ နာရီတွင် စတင် ဆုတောင်းခဲ့ကြသည်။ "အဓိက ရည်ရွယ်ချက်ကတော့ လယ်သမားတွေရဲ့ သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိရေးအတွက် ၀ိုင်းဝန်းပြီး ဆုတောင်းတဲ့ပွဲပါ။ ပြီးခဲ့တဲ့နှစ်ကတော့ နေပြည်တော်တစ်ခုလုံးအတွက် ဒက္ခိဏ သီရိမြို့နယ်က ရဲဒီဘုန်းကြီးကျောင်းမှာ "တောင်သူလယ်သမားအရေး အမြန်ဖြေရှင်းပေး'ဆိုပြီး တောင်သူအင်အား ၂၀၀ ကျော်နဲ့ ကျင်းပခဲ့တယ်"ဟု လယ် သမားနှင့် အလုပ်သမားရေးရာများ ကူညီဆောင်ရွက်ပေးသူများကွန်ရက် (င်္.ြ.ှု)မှ နေပြည်တော်တာဝန်ခံ ဦးကျော်ဆွေလတ်က ပြောသည်။ "လယ်ယာမြေတွေ ပြန်ရဖို့ အရင်က ကျွန်တော်တို့ အကြိမ်ကြိမ်စာတွေတင်ခဲ့တယ်၊ ဘာမှမထူးခဲ့ဘူး။ အဲဒါကြောင့် ဘာမှမတတ်နိုင်တဲ့အဆုံး အခုလိုပဲလုပ်ရတာပါ။ ကျွန်တော်တို့ လယ်ယာမြေတွေကို အမြန် ပြန်လိုချင် ပါပြီ" ဟု လယ်ဝေးမြို့နယ်ရှိ ခေတ်အေး ရွာမှ ဦးညီလေးက ယခုလ ၂၁ ရက်က ပြောသည်။ တပ်မှ သိမ်းထားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ အမှတ်(၄၁၃)၊ (၄၁၄) တပ်ရင်းက ဧကပေါင်း ၅၀၀ ကျော်ရှိပြီး စကခ(၆)က ဧက ၁,၅၀၀ ရှိသည်ဟုဆိုသည်။ နေပြည်တော် လေဆိပ်တည်ဆောက်ရန် သိမ်းဆည်းထားသောလယ်ယာမြေမှာ ဧကပေါင်း ၅,၅၆၉ ဧကရှိသည်ဟု သိရသည်။ လက်ရှိတွင် အထက်ပါလယ်ယာမြေများအတွက် လုံလောက်မျှတသော လျော်ကြေးများ မရရှိသေးသည့်အပြင် သက်ဆိုင်ရာကလည်း ထိရောက်သည့် ဖြေရှင်းပေးမှုမျိုးမရှိသေးကြောင်း ဒေသခံတောင်သူများကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး