ဆိုင်ကယ်စီး ဦးထုပ်အလုံး ၂,၆၀၀ ဖြန့်ဝေ

ဆိုင်ကယ်စီး ဦးထုပ်အလုံး ၂,၆၀၀ ဖြန့်ဝေ

ယာဉ်မတော်တဆမှုများကြောင့် မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဦးခေါင်းပိုင်း ထိခိုက်
ဒဏ်ရာ ရရှိ၍ သေဆုံးမှုကို လျှော့ချရန် မော်တော်ဆိုင်ကယ်စီး ဦးထုပ်၂,၆၀၀ လုံးကို ပြည်ထဲရေး
၀န်ကြီးဌာန ဦးဆောင်မှုဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နေပြည်တော် ကောင်စီရုံးရှေ့နှင့် ၀ဏ္ဏသိဒ္ဓိ
အားကစားကွင်းအနီးတို့တွင် ဆိုင်ကယ်စီးနင်းသူများထံ ပေးအပ်ခဲ့သည်။

ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ဦးခေါင်းပိုင်းထိခိုက်ခြင်းများသည် မော်တော်ဆိုင်ကယ်စီးနင်း
သူများတွင် အဖြစ်များသည့်အတွက် မော်တော်ဆိုင်ကယ်စီး ဦးထုပ်များကို ပေးလှူခြင်းဖြစ်သည်ဟု
နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ရဲမှူးဒေါ်ကေသီထွန်းက
ပြောသည်။

"တိုက်လိုက်ပြီဆို ဆိုင်ကယ်ပဲ။ ဦးခေါင်းပိုင်း ထိခိုက်မှုကြောင့်ပဲ အများဆုံးသေကြတာပဲ။ ဒါကြောင့်
ဆိုင်ကယ်စီးပြည်သူတွေ ဦးထုပ်ဆောင်းကြပါ။ မမြင်နိုင်တဲ့အန္တရာယ်တွေကို ကြိုတင် ကာကွယ်
ထားကြရပါမယ်။ ဒါတွေကို ပြည်သူတွေသိဖို့ ဦးထုပ်တွေကို ပြည်သူတွေလက်ထဲထည့်ပေးတာပါ"
ဟု ၎င်းက ပြောသည်။

မြန်မာငွေကျပ် ၉,၀၀၀ ခန့် တန်ဖိုးရှိသော ထိုင်းနိုင်ငံထုတ် မော်တော်ဆိုင် ကယ်စီးဦးထုပ်များ
လှူဒါန်းမှုအား သမဝါယမဘဏ်နှင့် ပြည်သူတချို့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု
ဒေါ်ကေသီထွန်းက ပြောသည်။

၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများ၏ ၆၀ ရာခိုင် နှုန်းသည် မော်တော်
ဆိုင်ကယ်မတော် တဆမှုများဖြစ်သည်။

ယခုနှစ်တွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်လွန်ပြီဖြစ်ကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး