ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ ပေါ်လာရေး ဆောင်ရွက်

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ ပေါ်လာရေး ဆောင်ရွက်

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားအဆင့်
ကော်မတီတစ်ရပ် ဖြစ်သော မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အား
ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ အဆိုပါ ကော်မတီသည် လာမည့်နှစ်အတွင်း ပြည်သူလူထုအတွင်း ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ အသိပညာကျယ်ပြန့်လာစေရေး လုပ်ငန်းများ နှင့် စွမ်းဆောင်ရည် မြှင့်တင်မှု
လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
၀န်ကြီးဌာန (MO-ECAF) မှ တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သော ရက်သတ္တပတ်အတွင်းတွင်
ပြောသည်။

မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(MCCA) အား အောက်တိုဘာလ
၃၀ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၀န်ကြီး ဦးဝင်းထွန်း
က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးလှိုင်ဦးမော် က ပြောသည်။

"MCCA အနေနဲ့ ၂၀၁၄ ခုနှစ်ထဲမှာ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ ဖွဲ့ဖို့ ပူးပေါင်းဆောင်ရွက်
မယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာကျယ်
ပြန့်လာစေရေး လုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါ
တယ်။ ဒါတွေပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနဲ့
လုပ်ငန်းစီမံချက်တွေ ရေးဆွဲနိုင်ဖို့ ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွက် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနဲ့ လုပ်ငန်းစီမံချက်တွေ ရေးဆွဲနိုင်
ရေး အတွက် ဥရောပသမဂ္ဂမှ ယူရိုငွေ လေးသန်းအား နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်
နည်းပညာအကူအညီများ ထောက်ပ့ံပေးသွားမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှုအတွက်လည်း နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းများကိုလည်း
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး