အလုပ်သမား သံအရာရှိများ တိုးခန့်ရန် စီစဉ်

အလုပ်သမား သံအရာရှိများ တိုးခန့်ရန် စီစဉ်

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်
ထိုင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများတွင် အလုပ်သမား သံအရာရှိများကို ခန့်ထားပြီး တိုးချဲ့
ခန့်ထားရန် စီစဉ်နေသည်။

"စင်ကာပူနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း အလုပ်သမားသံအရာရှိတွေ ခန့်ထားနိုင်ဖို့ စီစဉ် ဆောင်ရွက်
ပေးလျက် ရှိပါတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု
၀န်ကြီး ဦးအေးမြင့်က ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း
သွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ငါးရာခိုင်နှုန်းခန့်မှာ အခြားသော နိုင်ငံအသီးသီးသို့ ရွှေ့ပြောင်းလုပ်သားများ
အဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။

"ဒီရွှေ့ပြောင်း အလုပ်သမားများဟာ နိုင်ငံ တစ်နိုင်ငံရဲ့ လုပ်အားသယံဇာတများဖြစ်ပြီး မူရင်းနိုင်ငံနဲ့
လက်ခံတဲ့နိုင်ငံတွေရဲ့ စီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ၀င် ဆောင်ရွက်နေကြသူများလည်း
ဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"ဟု ဦးအေးမြင့်က ပြောသည်။

ပြည်ပသို့သွားရောက် အလုပ် လုပ်ကိုင်လိုသည့် လူငယ်များအတွက် အလုပ်သမားရှာဖွေရေးရုံး
များတွင် ပြည်ပအလုပ်အကိုင် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး တရားဝင်လိုင်စင်
ရထားသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်
ဟုလည်း ၎င်းက ပြောသည်။

၀န်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီအပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်
လိုင်စင်ရ ၁၇၅ ခုမှတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်
အရှေ့အလယ်ပိုင်းဒေသများသို့ မြန်မာအလုပ်သမားများကို စေလွှတ်လျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး