ဒုတိယအကြိမ်မြောက်၊လူထု ဗဟိုပြုစီမံကိန်း နှစ်လခန့် အကြာ၌ စတင်နိုင်မည်

ဒုတိယအကြိမ်မြောက်၊လူထု ဗဟိုပြုစီမံကိန်း နှစ်လခန့် အကြာ၌ စတင်နိုင်မည်

ဒုတိယအကြိမ်မြောက် လူထုဗဟိုပြုစီမံကိန်း အကျိုးခံစားရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခု
အတွက် ပဏာမ ဦးစားပေးမြို့နယ်သုံးမြို့နယ်စီ ရွေးချယ်ခြင်းကို ဆွေးနွေးပွဲများအဆင့်ဆင့်ဖြင့်
ရွေးချယ်ခဲ့ပြီး နှစ်လခန့်အကြာ၌ လုပ်ငန်းစတင်နိုင်မည်ဟု ဆိုသည်။

"ဒုတိယအကြိမ်မြောက် လူထုဗဟိုပြု စီမံကိန်း အကျိုးခံစားရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခု
အတွက် ပဏာမ ဦးစားပေးမြို့နယ် သုံးမြို့နယ်စီ ရွေးချယ်ခြင်းကို ဆွေးနွေးပွဲတွေ အဆင့်ဆင့်နဲ့
ရွေးချယ်ခဲ့တယ်"ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန သတင်းပြန်ကြားရေး အကြံပေး ဒေါ်လဲ့ရင်ဝင်း
က ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ အထောက်အပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသော ဒုတိယအကြိမ်မြောက် လူထုဗဟိုပြုစီမံကိန်း အကျိုးခံစားရာ ပြည်နယ်နှင့်
တိုင်းဒေသကြီး ငါးခုအတွက် အောက်တိုဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွက်
ပင်လည်ဘူးမြို့၊ မြောင်မြို့၊ ဗန်းမောက်မြို့၊ နို၀င်ဘာလ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွက်
မင်းတုန်းမြို့၊ စေတုတ္တရာမြို့၊ ဆောမြို့၊ နိုဝင်ဘာလ ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အတွက်
လေးမျက်နှာမြို့၊ သာပေါင်းမြို့၊ ငပုတောမြို့၊ ဒီဇင်ဘာလ ၆ ရက်တွင် ကရင်ပြည်နယ်အတွက်
သံတောင်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်
အတွက် အမ်းမြို့၊ ပုဏ္ဏကျွန်းမြို့၊ ဂွမြို့များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"ပဏာမရွေးချယ်ထားတဲ့ မြို့နယ်တွေကို တိုင်းဒေကြီးပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြဖို့လုပ်နေ
တယ်။ သေချာမသိသေးပေမယ့် လုပ်ငန်းစဉ်အရ နှစ်လ လောက်နေရင် အကောင်အထည် စတင်
ဖော်နိုင်ဖို့ ခန့်မှန်းထားတယ်"ဟု ဒေါ်လဲ့ရင်ဝင်း ကပြောသည်။

တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်မြို့နယ်ချင်းအပေါ် သဘောထားမှတ်ချက်ပြုပြီး
မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွ့ံဖြိုး ရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြမည်ဖြစ်ကာ
နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီကမြို့နယ် သုံးခုအနက်မှ တစ်ခုရွေးချယ်မည်
ဖြစ်သည်။

ထိုမှတစ်ဆင့် ရွေးချယ်ထားသော မြို့နယ်အမည်ကို ကမ္ဘာ့ဘဏ်သို့ ပေးပို့၍ ကန့်ကွက်ရန်
မရှိကြောင်း အကြောင်းကြားစာကို ရယူပြီးမှ စတင်မည်ဖြစ်သည်။

လူထုဗဟိုပြု စီမံကိန်းကာလမှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ
ခြောက်နှစ်နှင့် လေးလကြာမြင့်မည်ဖြစ်သည်။

စီမံကိန်း ပထမနှစ်(၂၀၁၃-၁၄)တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် နမ့်ဆန်
မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစုမြို့နယ်များကို ကူညီခဲ့သည်။

စီမံကိန်း တတိယနှစ်တွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုမှ မြို့နယ်တစ်မြို့နယ်စီကို
ဆက်လက် ကူညီမည်ဖြစ်သည်။

တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုမှ မြို့နယ် တစ်မြို့နယ်စီကို အခြေခံအဆောက်အအုံများ
ပြင်ဆင်နိုင်ရန် နှင့် ဆောက်လုပ်နိုင်ရန် သုံးနှစ်ကူညီမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်က စီမံကိန်းအတွက်
ဒေါ်လာသန်း ၈၀ အသုံးပြုမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး