တပ်မတော်အရာရှိများကို ယူကေ က သင်တန်းပေး

တပ်မတော်အရာရှိများကို ယူကေ က သင်တန်းပေး

ယူကေနိုင်ငံ ကာကွယ်ရေးတက္ကသိုလ် နှင့် Cranfield တက္ကသိုလ်တို့ ပူးပေါင်းပြီး နေပြည်တော်၌
မြန်မာတပ်မတော်မှ အရာရှိ ၂၀ ခန့်အပါအဝင် အရာရှိများအား အုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှု နှင့်
လူအခွင့်အရေးဆိုင်ရာ နှစ်ပတ်ကြာ သင်တန်းပေးခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နေ့က စတင်သည့် အဆိုပါ Managing Defence in Wider Security
Contex သင်တန်းသို့ တပ်မတော်မှ အဆင့်မြင့်အရာရှိ ၂၂ ဦး နှင့် အခြားဌာနများမှ အဆင့်မြင့်
အရာရှိ ရှစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် ဒီမိုကရေစီ အကူးအပြောင်းကာလအုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာ
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် လူ့အခွင်းအရေးဆိုင်ရာများ ပါ၀င်ခဲ့သည်။

ထို့ပြင် အရပ်သားနှင့် စစ်တပ်ဆက်ဆံရေးများလည်း ပါ၀င်သလို မြောက်ပိုင်း အိုင်ယာလန်တွင်
ဆောင်ရွက်ခဲ့သည်များအား သင်ကြားရေးဥပမာများအဖြစ်ထားကာ သင်ကြားခဲ့သည်။

"ဒီသင်တန်းကို ပြီးခဲ့တဲ့ ၁၄ နှစ်က စတင်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ ပို့ချပေးပြီးဖြစ်ပါတယ်။
ဒီမိုကရေစီအကူးအပြောင်းမှာ လုံခြံုရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင်ခန်းစာ
တွေနဲ့ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေပေးတဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။

"နှစ်နိုင်ငံအကြား စစ်တပ်ချင်းဆက်ဆံရေး တိုးတက်လာစေရေး အခွင့်အလမ်းတွေ ထပ်မံရလာစေဖို့
ဒီသင်တန်းက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်"ဟု ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှ
စစ်သံမှုး ဗိုလ်မှူးတိုနီစတန်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး