'အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုပညာ 'အခမဲ့သင်တန်း ဖွင့်လှစ်မည်

'အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုပညာ 'အခမဲ့သင်တန်း ဖွင့်လှစ်မည်

မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေအသင်းက ဦးစီးပြုလုပ်သည့် 'အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုပညာ' အခမဲ့
သင်တန်းကို ယခုလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ
ဇမ္ဗူသီရိဟိုတယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်မည့်သူများမှာ တစ်နိုင်တစ်ပိုင်ပွဲစားများ၊ ပွဲစားကြီးများဖြစ်ကြပြီး သင်တန်း
ပြီးပါက အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်သည်။

"ရည်ရွယ်ချက်ကတော့ အိမ်၊ ခြံ၊ မြေလောက သားတွေအကုန်လုံး ဖွံ့ဖြိုးတိုးတက်အောင်၊
အသိပညာ၊ ဗဟုသုတရအောင်၊ လူမှုဆက်ဆံ ရေး၊ ဥပဒေပိုင်းဆိုင်ရာ၊ မြေရဲ့ လုပ်ထုံးလုပ်နည်း၊
နောက်ပြီး အရင်တုန်းက ပါးစပ်နဲ့ ပြောပြီးပဲရောင်းတာကို အခုဒီမြေက ဘယ်မြေပေါ်ကနေ
ဘယ်လိုချပေးထားတာ၊ နာမည်ဘယ်လိုပေါက် တယ်၊ ပိုင်ဆိုင်မှုကို ဘယ်လိုရအောင်လုပ်ပေးနိုင်
မှာလဲ၊ ဘယ်မြေက ၁၀၅၊ ၁၀၆ ထုတ်လို့ ရပါတယ်။ ဘယ်မြေက ထုတ်လို့မရပါဘူး ဆိုတာတွေ
နားလည်အောင်၊ ဥပဒေနဲ့ပတ်သက်တာတွေ၊ စည်ပင်မြေနဲ့ ပတ်သက်တာတွေနားလည်အောင်၊
နောက်တစ်ခါ ဥပဒေပိုင်းဆိုင်ရာမှာ အမှားအယွင်းကင်းအောင် သင်တန်းပြုလုပ်ရတာပါ" ဟု
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအသင်း၏ နေပြည်တော်ရုံးခွဲမှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က
ယခုလ ၁၀ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး