တစ်သက်တာ စာပေဆုအပါအဝင် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုကြေးငွေများအား
ယခုနှစ်တွင် ထပ်မံမတိုးပေးနိုင်သော်လည်း လာမည့်နှစ်များတွင် ဆတိုးချီးမြင့်နိုင်ရန် ဆောင်ရွက်
သွားမည်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောသည်။
"စာပေဆု ချီးမြှင့်ရေးလျာထားငွေနှင့် ပတ်သက်ပြီးလာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ မူလရာနှုန်း
ထားအတိုင်း လျာထားတောင်း ပြီးဖြစ်ပါသဖြင့် နောင်လာမယ့် နှစ်များမှာ ဆတိုးပိုမိုချီးမြှင့်ရန်နိုင်ရေး
အတွက် တင်ပြဆောင်ရွက်သွားပါမယ်"ဟု ဦးပိုက်ထွေး ကပြောသည်။
အမျိုးသားစာပေဆုများအား ၁၉၄၇ ခုနှစ်တွင် စတင်ခဲ့သည့် စာပေဆုများအား နှစ်ဆက်ဆက်
တိုးမြှင့်ချီးမြင့်လာခဲ့ရာ တစ်နှစ်အတွင်းထုတ်ဝေသည့် ပုံနှိပ်စာအုပ်များမှ ဘာသာရပ်အလိုက်
တစ်အုပ်စီအားအမျိုးသား စာပေဆု အဖြစ်လည်းကောင်း၊ ပြိုင်ပွဲဝင် စာမူများထဲမှ ဘာသာရပ်
အလိုက် အကောင်းဆုံး စာပေမူများ ကို စာပေဗိမာန် စာမူဆုအဖြစ်လည်းကောင်း ခွဲခြားကာ
တစ်ဆုလျှင် ကျပ် ၁၀ သိန်းချီးမြင့်ခဲ့သည်။
ထို့ပြင် ၂၀၀၁ ခုနှစ်မှ စတင်ကာ သက်ရှိထင်ရှား စာရေးဆရာကြီးများထဲမှ သုတ၊ ရသများ
ရေးသားကာ မြန်မာစာဖွ့ံဖြိုးရေးအတွက် ကြိုးပမ်းခဲ့သူများကို အမျိုးသားစာပေ တစ်သက်တာဆု
တစ်ဦးသာရွေးချယ်ပြီး ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် သုံးဦးအထိ တိုးမြှင့်
ရွေးချယ်ကာ ကျပ် ၁၅ သိန်းအထိ တိုးမြှင့် ချီးမြှင့်ခဲ့သည်။
















