၄၈ လမ်းဗလီ မီးလောင်မှု ဧပြီ ၁၁ အမိန့်ချမည်

၄၈ လမ်းဗလီ မီးလောင်မှု ဧပြီ ၁၁ အမိန့်ချမည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီတွင် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်
၁၃ ဦးသေဆုံးခဲ့မှုဖြင့် သက်ဆိုင်ရာက ဖမ်းဆီးတရားစွဲဆိုထားခြင်းခံရသော ဗလီ ဆရာနှစ်ဦးတို့
အပေါ် ကြားနာစစ်ဆေးပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးက ဧပြီလ ၁၁ ရက်နေ့တွင် အမိန့်ချရန်
ချိန်းဆိုထားသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလတွင် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဗလီတွင် မီးလောင်မှုဖြစ်ပွားပြီး
အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦးသေဆုံးခဲ့ကာ ပစ္စည်းများ ဆုံးရှုံးပျက်စီးခဲ့
သည်။

အဆိုပါအမှုကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းက ဗလီဆရာများဖြစ်သည့် ဦးဇေယျာဖြိုးနှင့်
ဦးခင်မောင်အေး တို့အပေါ် လူသေမှု၊ မီးလောင်မှုတို့ဖြင့် ဖမ်းဆီး အရေးယူကာ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၄ က/ ပြစ်မှုပုဒ်မ ၂၈၅ တို့အရ မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့မှုဖြစ်သည်။

အမှုနှင့် ပတ်သက်၍ မတ်လ ၂၆ ရက်နေ့တွင် ဗိုလ်တထောင် မြို့နယ်တရားရုံးတွင် နှစ်ဖက်
အကျိုးဆောင်များက အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့သည်။

ထို့နောက် အမိန့်ချမှတ်ရန် ဧပြီလ ၈ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း ပြောင်းလဲ
ချိန်းဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး