ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရန်ကုန်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ငါးပြတိုက်တည်
ဆောက်မှုလုပ်ငန်းအား ယခုလနောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင်
အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ရေချိုငါးဥယျာဉ် မန်နေဂျာဦးစိုင်းမိုးကျော်ကပြောသည်။
"ဆောက်မှာကတော့ ငါးပြတိုက်က နှစ်ထပ်အဆောက်အဦပါ။ဒီနေရာမှာရှိနေတဲ့
အခုတည်ဆောက်ထားမှုတွေကိုတော့ အကုန်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် လည်းဆို
တော့ ငါးကန်အတွက်က အသစ်တူးရမှာဖြစ်ပါတယ်။
ဒီထဲမှာရှိနေတဲ့ သစ်ပင်ပန်းမန်တွေအတွက်ခုတ်ခွင့်ရတဲ့အပင်တွေရှိပေမယ့် ခုတ်ခွင့်မပေးတဲ့နှစ်
ရှည် သစ်ပင်တွေလည်းရှိနေတာကြောင့်အဆောက်အအုံဒီဇိုင်းပုံစံကိုတော့ အဲဒီသစ်ပင် တွေနဲ့
လွတ်ကင်းအောင် ကုမ္ပဏီအနေနဲ့ ရှစ်ခေါက်လောက် ပုံဖော်ဆွဲ့ခဲ့ရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရေချိုငါးဥယဉ်က ၀န်ထမ်းဆယ်ဦးအပါအဝင် ကျွန်တော်နဲ့ဆို တစ်ဆယ့်သုံးယောက်
ပေါ့ ဒီဝန်ထမ်းတွေကလည်း အခုတင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီ မှာ ဆက်လက်လုပ်ကိုင်နေကြတာ
ဖြစ်တဲ့အတွက်ကြောင့် ဒီငါးပြတိုက်လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ရာမှာပါ၀င်လုပ်
ကိုင်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
















