ကုန်သည်ကြီးများဟိုတယ်ကို ဆူးလေ ရှန်ဂရီလာအဖြစ် ပြောင်းလဲ

ကုန်သည်ကြီးများဟိုတယ်ကို ဆူးလေ ရှန်ဂရီလာအဖြစ် ပြောင်းလဲ

ပြီးခဲ့သည့် နှစ်နှစ်ခွဲခန့်မှ စတင်ကာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့
ကုန်သည်ကြီးများဟိုတယ်ကို ဆူးလေ ရှန်ဂရီလာ ရန်ကုန် ဟိုတယ်အဖြစ် ဧပြီလ၂၈ ရက်နေ့မှ
စတင်ကာ တရားဝင်ပြောင်းလဲလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ရှန်ဂီရီလာ ဟိုတယ်အမှတ်တံဆိပ်ဟာ အာရှမှာ နံပါတ်တစ်
အဖြစ် အသိအမှတ်ပြုခံရပါတယ်။ အခုဆို ကျွန်တော်တို့ ဒီဟိုတယ်ကို အကြီးစား ပြင်ဆင်ခဲ့ပြီး
ဟိုတယ်အမှတ်တံဆိပ်ကို ပြောင်းလဲလိုက်ပြီး ရှန်ဂရီလာ ဟိုတယ်တံဆိပ်ကို မြန်မာနိုင်ငံကို
မိတ်ဆက်ပေးလိုက်ပါပြီ"ဟု အထွေထွေမန်နေဂျာ မစ္စတာ Philip Couvaras ကပြောသည်။

အခန်း ၄၈၄ ခန်းပါ ကုန်သည်ကြီးများဟိုတယ်ကို ၁၉၉၀ ပြည့် နှစ်လယ်ပိုင်းတွင် ပြည်တွင်း
အေးရှားဝေါလ် ကုမ္ပဏီနှင့် ပူးပေါင်းကာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် နိုဝင်ဘာလ
တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ်နှင့် ရီဆော့က
စီမံခန့်ခွဲနေသည်။

ရှန်ဂရီလာသည် ယခုနှစ်ဆန်းပိုင်းတွင် ကန်တော်ကြီးအနီးရှိ အထပ် ၂၁ ထပ်မြင့် တိုက် နှစ်လုံးနှင့်
အခန်းပေါင်း ၁၂၀ ပါ ရှန်ဂရီလာ နှစ်ရှည်ဝန်ဆောင်မှု တိုက်ခန်းများကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး
ဖြစ်သည်။

အဆိုပါအဆောက်အအုံများ အနီးတွင်လည်း အခန်း ၃၅၀ ပါ ရှန်ဂရီလာဟိုတယ်အား
တည်ဆောက်ရန် ဒီဇင်ဘာလ ၈ ရက်နေ့က အုတ်မြစ်ချခဲ့ပြီး ဖြစ်သည်။

အလားတူ လက်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်ဘေးတွင် ဆူးလေ Square အဖြစ် အထပ်မြင့်
စီးပွားရေးစင်တာ တစ်ခုကိုလည်း တည်ဆောက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး