ဓာတ်ပုံပညာကို လေ့လာလိုက်စားသူများအား ပညာဒါနအဖြစ် သင်တန်းတစ်လတာ ပို့ချသွားမည်

ဓာတ်ပုံပညာကို လေ့လာလိုက်စားသူများအား ပညာဒါနအဖြစ် သင်တန်းတစ်လတာ ပို့ချသွားမည်

၀ိုင်အေတီ ဂရုပ်မှ မြန်မာနိုင်ငံရှိ ဓာတ်ပုံပညာကို လေ့လာလိုက်စားနေသည့် ၀ါသနာရှင်ပုဂ္ဂိုလ်များ
အား ပညာဒါန (အခမဲ့) ဖြင့် ဓာတ်ပုံပညာအခြေခံသင်တန်းကို ဇွန်လ ရ ရက်နေ့တွင် စတင်သင်
ကြား ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဓာတ်ပုံလောကတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီသောအားဖြင့်
ယခုကဲ့သို့ စီစဉ်လိုက်ရခြင်းဖြစ်ပြီး ဘာသာရပ်များအဖြစ် tjzpf Photo Essay, Landscape,
Photojournalism, Life Style, Street Photography များစသည့် ကင်မရာအခြေခံ (DSLR)
ကို သင်ကြားပို့ချပေးသွားမည်ဖြစ်၍ အဆိုပါ သင်တန်းကို ၀ိုင်အေတီ ဂရု မှ အဖွဲ့သားများ
သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် လက်တွေ့ဓာတ်ပုံ လောက နယ်ပယ်၌ အောင်မြင်နေသူ
များလည်း ပူးပေါင်းပါ၀င် အားဖြည့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသည် နေရာအခက်အခဲရှိ၍ သင်တန်းသားဦးရေကန့်ထားပြီး လျှောက်လွှာအရင်ရောက်
သူများအား ဦးစားပေးမည်ဖြစ်ပြီး ဖုန်းနှင့်လျှောက်ခြင်း၊ အီးမေးလ်နှင့်လျှောက်ခြင်းများကို လက်ခံ
မည်မဟုတ်ဘဲ ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး အချိန်ပေးနိုင်သူများသာ လျှောက်ထားသင့်သည်။

သင်တန်းကာလအတွင်း လက်တွေ့ ရိုက်ကူးများပါ၀င်သည့်အတွက် လက်တွေ့အချိန်များနှင့်
သင်တန်းခရီးတိုများလည်း ပါ၀င်မည်ဖြစ် သည်။ ဇွန်လ ရ ရက်နေ့တွင် သင်တန်းစတင်ဖွင့်
မည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ ရက်များတွင် တစ်နေကုန် နေ့လည်နားပုံစံဖြင့်တစ်လခန့်
သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။

ပညာဒါနသင်တန်းတစ်ခုဖြစ်သော်လည်း သင်တန်းသားများသည် ထိုကာလအတွင်း သင်တန်း
တစ်ရက်ပျက်လျှင် ဒဏ်ငွေ ငါးသောင်းခန့်အထိ ပေးဆောင်ရမည်ဖြစ်သည်။ စိတ်ပါ၀င်စားသူများ
အနေဖြင့် လျှောက်လွှာပုံစံကို ၀ိုင်အေတီ ဂရု၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာလင့်ခ်တွင် ၀င်ရောက်ကြည့်
ရှုကာ လျှောက်လွှာဖြည့်၍ တိုက်အမှတ် ၂၄၊ အခန်း ၀၄၀၄၊ ဘလောက် ရ၊ ပြည်ရိပ်မွန်အိမ်ရာ၊
ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့သို့ မေလ ၂၀ နောက်ဆုံးထားပြီး လျှောက်လွှာများကို ပေးပို့နိုင်
လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖုန်းနံပါတ်များအနေဖြင့် ၀၉-၄၂၁၁၆၄၅၇၈၊ ၀၉-၄၄၈၀၁၉၉၉၁ နှင့် ၀၉-၄၃၁၁၄၀၈ တို့ကို
ဆက်သွယ်ကာ စုံစမ်းနိုင်ပါသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး