ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဖွဲ့စည်းပုံအင်အားအရ ၁၄၂၂ ဦးရှိရမည် ဖြစ်ပြီး
လက်ရှိတွင် ၈၃၃ ဦးဖြင့်လည်ပတ်နေရခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များထဲမှ သတ်မှတ်
အရည်ချင်းပြည့်မီသူများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးဒုတိ
ယရဲမှူးကြီးလင်းထွဋ်က မေလ ၂၄ ရက်နေ့မီဒီယာတွေ့ဆုံ ပွဲတွင်ပြောကြားခဲ့သည်။
"ရန်ကုန်မှာ လက်ရှိယာဉ်ထိန်းအင်အား ၈၃၃ ဦး နဲ့လည်ပတ်နေတယ်။ ဖွဲ့စည်းပုံ စာရင်းအရဆိုရင်
စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွက်ကို တစ်မြို့နယ် ၃၆ ယောက်နှုန်းနဲ့ ၁၁၁၆ ဦး၊
နယ်နမိတ်ပြင်ပမြို့နယ် ၁၄ မြို့နယ်အတွက်ကို ၂၅၂ ဦးနဲ့ ရုံးပိုင်ဆိုင်ရာ ၀န်ထမ်း ၅၄ ဦးရှိရမှာ
ဖြစ်ပါတယ်။ အခု အင်အား ၈၃၃ ယောက်နဲ့ လည်ပတ်နေတဲ့အတွက်ကြောင့် ယာဉ်ထိန်းအင်
အားလိုအပ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူ တွေထဲက ယာဉ်ထိန်းဘက်
ကို စိတ်ပါ၀င်စားပြီးတော့ သက်မှတ် အရည်အချင်းပြည့်မီသူတွေကိုသင်တန်းပေးခန့်အပ်သွား
မည်ဖြစ်တယ်" ဟုအမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောကြား
သည်။
ယခင်က ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးတို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တစ်ချို့ ကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တည်စဉ်ကတည်းကပင် ပြောင်းလဲတာဝန်ချထား
ပေးခဲ့ခြင်းကြောင့် စီးပွားရေးမြို့တော်ကြီးများတွင် တပ်ဖွဲ့ဝင်အင်အားနည်းပါလာခဲ့သည်။
သက်ဆိုင်ရာမှ မော်တော်ယာဉ်ဟောင်းများ အစားထိုးတင်သွင်းခဲ့ပြီးနောက် ယာဉ်ကြော
ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် ရန်ကုန်နှင့်မန္တလေးတိုင်ဒေသကြီးတို့တွင် ယာဉ်ကြောပိတ်ဆို့မှု
တစ်နေ့တစ်ခြား များပြား လာခဲ့သော်လည်း တပ်ဖွဲ့ဝင်အင်အားနည်းနေခြင်းကြောင့် နိုင်နင်းမှု
မရှိကြောင်းသိရသည်။
" ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၁၄၆ ဦးကို ဒီတနင်္လာနေ့ကစပြီး တော့ယာဉ်ထိန်း သင်တန်း
ကျောင်းတွေမှာ သင်တန်းပို့ချနေပါပြီ၊ ဒီသင်တန်းဆင်းသွားပြီး သွားရင် မြန်မာနိုင်ငံအနှံအပြား
ယာဉ်ထိန်းအင်အားလိုအပ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင် ရမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ရဲတပ်ဖွဲ့ ၀င်တွေထဲက အဓိကအချက်တွေဖြစ်
တဲ့ အရက်မသောက်၊ ကွမ်းမစားသူ၊ ကိုယ်နေ ဟန်ထားမပျက်ယွင်းသူ၊ ခန္ဓာကိုယ်အချိုး အစား
ပြေပြစ်သူ၊ ရုပ်ရည်သန့်ပြန့်သူ၊ ပိန်းလွန်း ၀လွန်းသူမဟုတ်တဲ့သူ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့လုပ်ငန်းစဉ်
တွေကို စိတ်ပါ၀င်စားသူတွေကို ရွေးချယ်စိစစ်ပြီးတော့ သင်တန်းပေးခန့်သွားမှာဖြစ်ပါတယ်။
အဓိကကတော့ ရဲတပ်ရင်းမှာ တစ်နှစ်တာဝန်ထမ်းဆောင်ဘူးသူဖြစ်ရမယ်။
ယောကျင်္ားလေးဆိုရင် အရပ် ငါးပေ ခြောက်လက်မ၊ မိန်းကလေးဆိုရင် အရပ် ငါးပေ လေးလက်မ
ရှိတဲ့သူတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) မှ
ရေးဌာန ဒုတိယရဲမှူး မျိုးအောင်မြင့် ကပြောသည်။
















