ရန်ကုန်မြို့၊ စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ် အတွင်းရှိ ယာဉ်ကြောကျပ်တည်းမှု
အဖြစ်အများဆုံး နေရာ ရ၉ နေရာ၌ ယာဉ်ထိန်းအဖွဲ့ငယ် ၁၈ ဖွဲ့က ယာဉ်ကြောရှင်းလင်းပေးရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
"လက်ရှိမှာတော့ လုပ်ဖို့စီစဉ်ဆဲဖြစ်ပါ တယ်။ ယာဉ်ထိန်းအဖွဲ့တွေက လမ်းပိတ်ဆို့မှု ဖြစ်နေတဲ့
နေရာတွေကို သွားပြီးတော့ ဘယ် ကားကြောင့် ဒီလိုယာဉ်ကြောပိတ်ဆို့မှုဖြစ်နေလဲ စစ်ဆေးမယ်။
ရှင်းထုတ်ပေးပြီး အဲဒီလိုဖြစ် အောင်လုပ်တဲ့ ကားကို အရေးယူမယ်"ဟု အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် လှကျော်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမှာ တစ်နေ့ထက်တစ်နေ့ များပြားလာသောကြောင့် ယခုလို
စီစဉ်ရခြင်းဖြစ်ပြီး ဒဏ်ငွေမှာမူ မော်တော်ယာဉ်ဥပဒေအရ ကျပ် ၁,၅၀၀ သာ သတ်မှတ်နိုင်မည်
ဖြစ်သောကြောင့် လွယ်လွယ် စည်းကမ်းချိုးဖောက်သူများလည်း ရှိနေနိုင်သေးသည်။
"ယာဉ်ကြောကျပ်တည်းတဲ့ နေရာတွေကို လိုက်တော့ ရှင်းပေးမယ်။ ဒါပေမဲ့ မော်တော်ယာဉ်
တစ်စီးစီးက လမ်းစည်းကမ်းကို မလိုက်နာလို့ ဒီလိုဖြစ်နေတယ်ဆိုတာကိုတွေ့ရင် အရေးယူလို့
ရတယ်။ ဒါပေမဲ့ ဒဏ်ငွေကတော့ မူလက သတ်မှတ်ထားတဲ့အတိုင်း ကျပ် ၁,၅၀၀ ပဲ။
ယာဉ် စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှု တော်တော်များများအတွက် ဒဏ်ငွေက
ကျပ် ၁,၅၀၀ ပဲ သတ်မှတ်ထားတယ်" ဟု ရဲအုပ်လှကျော်ဦးက ပြောသည်။
ယာဉ်ကြော ရှင်းလင်းပေးမည့်အဖွဲ့များမှာ ယာဉ်ထိန်းအင်အား အခြေအနေအရ အဆိုပါ နေရာများ
တွင် ပုံသေရှိနေမည်မဟုတ်ဘဲ အဖွဲ့ ငယ် ၁၈ ဖွဲ့ဖြင့်သာ လှည့်လည်စစ်ဆေးမည် ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်လမ်းကြောင်းရှင်းသည့်စနစ်ကို တိုးမြှှင့်
ဆောင်ရွက်ခဲ့ပြီး ဥပဒေဖြင့်အရေးယူခြင်းကို လျှော့ခဲ့ သည်။ သို့သော် ဖမ်းဆီးထိန်းသိမ်းမှုကို
လျှော့ချလိုက်သည့်အခါတွင် စည်းကမ်း ဖောက်ဖျက် သောယာဉ်များ ပြန်လည်များပြားလာသည့်
အတွက် ၂၀၁၄ ခုနှစ်တွင် ဖမ်းဆီးမှုကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"ဖမ်းဆီးထိန်းသိမ်းမှုမလုပ်ဘဲနဲ့ ရမလားလို့ လျှော့ကြည့်တယ်။ မရတဲ့အတွက် ပြန်ဖမ်းရတယ်။
ယာဉ်ကြောပိတ်ဆို့မှုက ရန်ကုန်မြို့ရဲ့ အဓိက ပြဿနာ ဖြစ်လာတယ်။ ယာဉ်ကြော ရှင်းလင်းရေးကို
ဦးစားပေးလုပ်တော့ ယာဉ် တိုက်မှုက ပြန်ဖြစ်လာတယ်။ ဒါ့ပြင် စည်းကမ်းဖောက်ဖျက်မှုများရင်
ယာဉ်တိုက်မှုက များလာတယ်"ဟု ရဲအုပ် ၀င်းလွင် ကပြောသည်။
















