ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား တိုးချဲ့ရန်ပြင်ဆင်

ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား တိုးချဲ့ရန်ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အားအရ ၁,၄၂၂ ဦးရှိ ရမည်ဖြစ်ပြီး
လက်ရှိတွင် ၈၃၃ ဦးဖြင့် လည်ပတ်နေရခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များမှ သတ်မှတ်
အရည်ချင်းပြည့်မီသူများကို ခေါ်ယူဖြည့်တင်းသွားမည်ဟု တာဝန်ရှိသူတစ်ဦး ကပြောသည်။

"ရန်ကုန်မှာ လက်ရှိ ယာဉ်ထိန်းအင်အား ၈၃၃ ဦးနဲ့ လည်ပတ်နေတယ်။ ဖွဲ့စည်းပုံစာရင်းအရဆိုရင်
စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့ နယ်အတွက်ကို တစ်မြို့နယ် ၃၆ ယောက်နှုန်းနဲ့ ၁,၁၁၆ ဦး၊
နယ်နိမိတ်ပြင်ပမြို့နယ် ၁၄ မြို့နယ်အတွက်ကို ၂၅၂ ဦးနဲ့ ရုံးပိုင်ဆိုင်ရာ ၀န်ထမ်း ၅၄ ဦး ရှိရမှာ
ဖြစ်ပါတယ်။ အခုအင်အား ၈၃၃ ယောက်နဲ့ လည်ပတ်နေတာကြောင့် အင်အား လိုအပ်တယ်"ဟု
အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောသည်။

ယခင်က ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးတို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တချို့ကို
နေပြည်တော်သို့ ပြောင်းလဲတာဝန်ချထားပေးခဲ့ခြင်းကြောင့် စီးပွားရေးမြို့တော်ကြီးများတွင်
တပ်ဖွဲ့ဝင်အင်အား နည်းသွားခဲ့သည်။

ရန်ကုန် နှင့် မန္တလေးတို့၌ ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တခြား များပြားလာခဲ့သော်လည်း
တပ်ဖွဲ့ဝင် အင်အားနည်းနေခြင်းကြောင့် နိုင်နင်းမှု မရှိကြောင်းသိရသည်။

"ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၁၄၆ ဦးကို ဒီတနင်္လာနေ့ကစပြီးတော့ ယာဉ်ထိန်းသင်တန်းကျောင်း
တွေမှာ သင်တန်းပို့ချနေပါပြီ၊ ဒီသင်တန်းဆင်းသွားပြီး သွားရင် မြန်မာနိုင်ငံအနှံ့ အပြားက
ယာဉ်ထိန်းအင်အားလိုအပ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ရမှာပါ"ဟု အမှတ် (၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး မျိုးအောင်မြင့်က ပြောသည်။

မြို့နယ်များတွင် ယာဉ်အသုံးပြုသူများမှ စည်းကမ်းမဲ့မောင်းနှင် ရပ်နားမှုများပြုလုပ်လာသဖြင့်
တစ်ပတ်အတွင်းစည်းကမ်းမဲ့ ယာဉ်အစီး ရေ ၈,၇၀၀ ကျော်ကို ကရိန်းယာဉ်ဖြင့် ဖမ်းဆီးအရေးယူခဲ့
သလို မီးနီဖြတ်သန်းမောင်းနှင်သည့် ယာဉ်အစီးရေ ၃,၀၀၀ ကျော်ကိုမှတ်သား ဖမ်းဆီးနိုင်ခဲ့ပြီး
ညအချိန်များတွင် ပြိုင်ကားနှင့် စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးမှု ၁၁၉ မှု ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ
ရှိလာသဖြင့် ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ ၈ ရက်နေ့မှစတင်၍ ပထမအကြိမ် ယာဉ်မရပ်ရ လမ်းများ
အဖြစ် မြို့နယ်များမှ လမ်းမကြီး ၃၇ လမ်းကို အဓိကသတ်မှတ်ခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ် ယာဉ်မရပ်နားရန် လမ်း ၂၀၊
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် တတိယအကြိမ်အဖြစ် ယာဉ်မရပ်ရလမ်း ၁၀ လမ်း
သတ်မှတ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး