မြို့ပတ်ရထားက မီးပွိုင့်နီ၍ရပ်နေသောရထား၏ နောက်တွဲအား ၀င်ရောက်တိုက်မိ

မြို့ပတ်ရထားက မီးပွိုင့်နီ၍ရပ်နေသောရထား၏ နောက်တွဲအား ၀င်ရောက်တိုက်မိ

ဇွန်လ၂ရက်နေ့၊ မွန်း၁၂နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ်အတွင်း မီးပွိုင့်နီသောကြောင့် ရပ်ထား
သော ရထားတစ်စင်း၏ ယာဉ်နောက်တွဲအား မြို့ပတ်ရထားတစ်စင်းက ၀င်ရောက်တိုက်မိခဲ့သော
ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဖြစ်ပွားပုံမှာ ဇွန်လ၂ရက်နေ့ မွန်းလွဲ၁၂နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဘူတာနှင့်
မလွှကုန်းဘူတာကြားရှိ မိုင်တိုင်အမှတ် AA-102 ၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ ရပ်နေ
သော စက်ခေါင်းအမှတ် RBE - 2540 (အင်ကြင်း -၂) သီလဝါ - ရန်ကုန်ရထား၏ နောက်ဆက်
အတွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD - 918
(မင်းသား - ရ) မြို့ပတ်ရထားက ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုမတော်တဆဖြစ်စဉ်ကြောင့် (အင်ကြင်း -၂)ရထားပေါ်ပါ ခရီးသည်အမျိုးသား ၃ဦး၊ အမျိုးသမီး
၁ဦးနှင့် (မင်းသား - ရ)မြို့ပတ်ရထားပေါ်ပါ ခရီးသည်များ ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့ကြ
သဖြင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေ
ကြောင်း သိရသည်။ ယင်းသို့ ရထားမတော်တဆဖြစ်ခြင်းကြောင့် ရထားတွဲများ လမ်းချော်သွား
ခဲ့ပြီး စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး