ဒလနှင့် ပန်းဆိုးတန်း၌ ဆိပ်ခံဗောတံတားများနှင့် ပေါင်းကူးတံတားသစ်များ တည်ဆောက်နေ

ဒလနှင့် ပန်းဆိုးတန်း၌ ဆိပ်ခံဗောတံတားများနှင့် ပေါင်းကူးတံတားသစ်များ တည်ဆောက်နေ

ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလဘက်ခြမ်းရှိ ဆိပ်ခံဗောတံတားနှင့် ပေါင်းကူးတံတားတို့အား
အဆင့်မြှင့်တင်လျက်ရှိနေစဉ် ပန်းဆိုးတန်းဘက်ကမ်းရှိ ဆိပ်ကမ်းဗောတံတားနှင့် ပေါင်းကူးတံတား
များအားလည်း အသစ်ပြန်လည် တည်ဆောက်နေပြီဖြစ်သည်။

လက်ရှိ ပန်းဆိုးတန်းဆိပ်ခံဗောတံတားမှာ နှစ်ပေါင်း ၆၀ ကျော် အသုံးပြုခဲ့ပြီးဖြစ်ကာ
တည်ဆောက်မည့် ဆိပ်ခံဗောတံတားသစ်မှာ ပေ ၂၀၀ ကျော်ရှိမည်ဖြစ်ပြီး အဆင့်မြင့် နှစ်ထပ်
ခရီးသည်ရိပ်သာလည်း ပါ၀င်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေ မန်နေဂျာ
ဦးကျော်မြင့်က ပြောသည်။

ဒလဆိပ်ခံဗောတံတားပြင်ဆင်မှုမှာလည်း သံထည်လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး
ပေါင်းကူးတံတားသစ်ကိုလည်း တည်ဆောက်လျက်ရှိနေသည်။

ဆိပ်ခံတားတည်ဆောက်မှုပြီးစီးပါက ဧည့်နားနေဆောင်အား အဆင့်မြှင့် တည်ဆောက်မည်
ဖြစ်သည်။

ပန်းဆိုးတန်း-ဒလ နေ့စဉ် ပြေးဆွဲပေးလျက် ရှိသော ခရီးသည်တင် သင်္ဘောများဖြင့် ခရီးသည်
သုံးသောင်းကျော်အား ပို့ဆောင်ပေး လျက်ရှိသည်။

လက်ရှိပြေးဆွဲနေသည့် သင်္ဘော ဟောင်းများနေရာတွင် ဂျပန်နိုင်ငံလုပ်သင်္ဘော သုံးစင်းဖြင့်
အစားထိုးပြေးဆွဲမည်ဖြစ်သည်။

"ဒီဆိပ်ကမ်းတွေကို အဓိကပြေးဆွဲပေးဖို့အတွက် သင်္ဘောအသစ်တွေလည်း ရောက်ရှိလာတော့မှာ
ဖြစ်ပါတယ်။ တစ်စီးကို ခုံပေါင်း ၁,၀၀၀ ပါ၀င်မယ်။ နှစ်ထပ်သင်္ဘောဖြစ်တယ်။ သင်္ဘောအဟောင်း
တွေကတော့ အဆင်ပြေတဲ့ လိုင်းမှာ ပြေးဆွဲချင်လည်းပြေးဆွဲမယ်။ အသုံး မတည့်လို့ ပုဂ္ဂလိကကို
ပြန်ရောင်းချင်လည်း ရောင်းမယ်။ မသေချာသေးဘူး။ အခုလက်ရှိ ဆိပ်ကမ်းပြင်ဆင်နေမှုတွေ၊
အသစ်တည်ဆောက်မှုတွေ ပြီးတာနဲ့ စတင်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်"ဟု ဒလသင်္ဘောကျင်း
ဒုတိယ အင်ဂျင်နီယာမှူး ဦးဇော်မိုးမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး