ကတ်စနစ်သုံး ခရီးသည်တင် ဘတ်စ်ကားလိုင်း တစ်လိုင်းကို ဟွန်ဒိုင်းအမျိုးအစားကား ၂၅ စီး ဖြင့်
ကုန်းလမ်းပို့ဆောင်ရေးက ရန်ကုန်မြို့တွင် ပြေးဆွဲရန် စီစဉ်နေသည်။
"ကျွန်တော်တို့ဌာနနဲ့ င်္သမနလနမ ွမနနည ျွငါ့အ ှနမလငခန ကုမ္ပဏီတို့ ပေါင်းပြီး ပြေးဆွဲသွားမှာ
ဖြစ်ပါတယ်။ လက်ရှိမှာ ကားငါးစီး ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလကုန်ရင် နောက်ထပ် အစီး ၂၀
ထပ်ရောက်ဖို့ရှိပါတယ်" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်
ကပြောသည်။
အဆိုပါ ယာဉ်လိုင်းကို ဇူလိုင်လကုန်ခန့်တွင် စတင်ပြေးဆွဲနိုင်ရန် မျှော်မှန်းထားပြီး မြောက်ဒဂုံတွင်
အခြေပြုကာ ဗိုလ်တထောင်မြို့နယ်သို့ ပြေးဆွဲရန် ယာယီလမ်းကြောင်း သတ်မှတ်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသို့ တင်ပြထားဆဲဖြစ်ပြီး ယာဉ်စီးခလည်း
မသတ်မှတ်ရသေးပေ။
"ရိုးရိုးကားဖြစ်မလား၊ အထူးကားဖြစ်မလား ဆိုတာကို သေချာပြောလို့ မရသေးပါဘူး။ ဒါပေမဲ့
ပူးပေါင်းလုပ်ကိုင်မယ့် ကုမ္ပဏီက iPay ကတ်လိုမျိုး ကတ်စနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
ယာဉ်နောက်လိုက်က တစ်ယောက်ပဲပါမယ်။ ယာဉ်နောက်လိုက်ထက် ယာဉ်အကူလို့ သုံးရင်
ပိုမှန်မယ်။ သူက ခရီးသည်တွေကို ကတ်စနစ်ကို အသုံးပြုပုံနဲ့ ဘယ်ကတက်ပါ၊ ဘယ်ကဆင်းပါ
ဆိုတာကို ပြောပြအကူအညီ ပေးမှာဖြစ်ပါတယ်။ တစ်နှစ်လောက်အထိတော့ ယာဉ်အကူက
ပါနေလိမ့်မယ်။ နောက်ပိုင်းမှာတော့ နိုင်ငံကာကကားတွေ ထုံးစံအတိုင်း ကျင့်သုံးသွားမှာပါ" ဟု
ဦးတင်ဝင်းအောင်က ပြောသည်။
















