ရန်ကုန်မြို့တော်တွင်း လမ်းမကြီးအချို့၌ ကားလမ်းပိတ်ဆို့ခြင်းများ၊ စည်းကမ်းမဲ့စွာ ယာဉ်ရပ်
ထားခြင်းများဖြစ်ပွားလျက်ရှိနေသောကြောင့် ပဥ္စမအကြိမ်အဖြစ် ယာဉ်မရပ် ရလမ်းများ ထပ်မံ
တိုးချဲ့ သတ်မှတ်ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်
ကြေညာထားသည်။
ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရန်လည်းကောင်း၊ မြို့တော် အတွင်း ယာဉ်
စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန်လည်းကောင်း
ပထမ အကြိမ်တွင် အဓိကလမ်းမကြီး ၃၇ လမ်း၊ ဒုတိယ အကြိမ်တွင် အဓိကလမ်းမကြီး ၂၀ ၊
တတိယအကြိမ်အဖြစ် လမ်းမကြီး ၁၀ လမ်းနှင့် စတုတ္ထအကြိမ်တွင် လမ်းမကြီး ၁၀ လမ်း စုစုပေါင်း
ရ၇ လမ်းအားထုတ်ပြန်ခဲ့ပြီးဖြစ် ရာ ပဥ္စမအကြိမ်အဖြစ် ခရီးသည်အတင်အချပြုရန်မှတစ်ပါး မည်
သည့်ယာဉ်မျှ ရပ် နားခြင်းမပြုရန် ယာဉ်မရပ်ရလမ်းများအဖြစ် ထပ်မံတိုးချဲ့သတ်မှတ်လိုက်သည်။
မြောက်မြင်းပြိုင်ကွင်းလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းဆုံမှ အနောက်မြင်းပြိုင် ကွင်းလမ်း
အတိုင်း ဦးချစ်မောင်လမ်းဆုံအထိ၊ လေးထောင့်ကန်လမ်းနှင့်အရှေ့မြင်း ပြိုင် ကွင်းလမ်းအတိုင်း
မြောက်မြင်းပြိုင်ကွင်းလမ်းဆုံ (အဝိုင်းလေး) အထိ ၎င်းမှ မိုး ကောင်းလမ်းအတိုင်း ကံဘဲ့လမ်းဆုံ
အထိ၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံမှ ရန်ရှင်းလမ်းအတိုင်း စက်မှု(၁) လမ်းဆုံအထိ၊ ကြားတော
ရလမ်းနှင့် ဗဟန်းလမ်းဆုံ မှ ကြားတောရလမ်းအတိုင်း ရေတာရှည်လမ်းဟောင်းအထိ၊ အာဇာနည်
လမ်းနှင့် ဦးထောင်ဘိုလမ်းဆုံမှ အာဇာနည်လမ်းအတိုင်း အနောက်ရွှေဂုံတိုင်လမ်းဆုံအထိ အဆိုပါ
လမ်း ၅ လမ်းအား ယာဉ်မရပ်ရလမ်းများအဖြစ် ကန့်သတ်ထားကြောင်း ထုတ်ပြန်ချက်အရ
သိရသည်။
















