ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းစေရန်အတွက် လူသွားစင်္ကြံများ
ပေါ်တွင် ရပ်နားထားသည့် ယာဉ်များကို ဖမ်းဆီးအရေးယူရန် တင်ပြဆောင်ရွက်သွားမည်ဖြစ်
ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) မှ ဒုတိယရဲတပ်ဖွဲ့မှူးကြီး လင်းထွဋ်က
ဇွန်လ ၆ရက်နေ့က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
"လူသွားပလက်ဖောင်းစင်္ကြံပေါ်မှာ ယာဉ်တွေရပ်ထားတာမဖြစ်သင့်တဲ့ကိစ္စပါ။ ပလက်ဖောင်းဆို
တာ လူသွားလာဖို့ခင်းထားတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့် လမ်းဘေးမှာယာဉ်မရပ်ရလို့ ပလပ်
ဖောင်းတွေပေါ်မှာ ယာဉ်တက်ရပ်တာ ဥပဒေကိုလက်တစ်လုံးခြားလုပ်တာဖြစ်တဲ့အတွက်ကြောင့်
အရေးယူသွားဖို့ကို တင်ပြဆောင်ရွက်သွားမယ်" ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်ကပြောကြားသည်။
လူသွားစင်္ကြံများပေါ်တွင် ယာဉ်မရပ်နားရန် သတ်မှတ်ခဲ့သော်လည်း မော်တော်ယာဉ်ပိုင်ရှင်အချို့
သည် မော်တော်ကားများကိုလူသွားစင်္ကြံများပေါ်တွင် ထိုးရပ်ထားခြင်းကြောင့် ယင်းကဲ့သို့ စည်း
ကမ်းမဲ့ ရပ်နားထားသောယာဉ်များကို အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။
"ကျောင်းဖွင့်ရာသီတွေမှာ လမ်းမတွေနဲ့နီးတဲ့ကျောင်းတွေမှာ ကျောင်းကားတွေ နှစ်ထပ်သုံးထပ်
ရပ်တာတွေက တစ်ကယ်တမ်း ဥပဒေကို ကိုင်တွယ်ပြီး ဖြေရှင်းမယ်ဆိုရင် ကျောင်းသားနဲ့ ၀န်
ဆောင်မှုပေးတဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကျောင်းတွေမှာ
ကားပါကင်လုံလောက်မှုမရှိဘူး။ ဒီပြဿနာတွေကိုရေရှည်မှာ နည်းလမ်းတစ်ခုရှာပြီးဖြေရှင်း
သွားမယ်။ တစ်နည်းအားဖြင့် ကျောင်းကားတွေရပ်နားဖို့ကိုနေရာကို ဆောင်ရွက်ခိုင်းမှာပါ" ဟု
၎င်းကပြောသည်။
ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်အစီးရေ များပြားလာမှုနှင့်အတူ နောက်ဆက်တွဲ
ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ဇွန်လ ၃ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ယခင်သတ်မှတ်ထားခဲ့သော ယာဉ်မရပ်နားရလမ်း ရ၇လမ်းအပြင်၊ နောက်ထပ်
လမ်း ၅လမ်းကို ခရီးသည်အတင်အချပြုလုပ်သည်မှလွဲ၍ ယာဉ်ရပ်နားခြင်းမပြုရန် ထပ်မံတိုးချဲ့
သတ်မှတ်ခဲ့သည်။
"မြို့ထဲမှာ စည်းကမ်းပျက်ယာဉ်တွေ ဒီထက်ပိုပြီးဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ဖို့အတွက်ကို
ဇွန်လ ၁ ရက်နေ့ကစပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကိုးဖွဲ့ကို ဖွဲ့ပြီး စစ်ဆေးအရေးယူသွား
မှာပါ။ ဒီလိုပူးပေါင်းမယ့် အဖွဲ့တွေထဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား
မှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်း ရေးဆွဲရေးဌာန၊ မထသ(မြို့တွင်း)၊ သက်ဆိုင်ရာအုပ်ချုပ်
ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ စည်ပင်ရဲဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးမှုတွေကိုပြုလုပ်သွားမှာပါ"
ဟု ၎င်းက မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
စင်္ကြံပေါ် စည်းမဲ့ကမ်းမဲ့ယာဉ်ရပ်နားမှုကြောင့် ၂၀၁၃ခုနှစ် နိုဝင်ဘာလမှ ၂၀၁၄ခုနှစ် ဇွန်လ ၁ရက်
နေ့အထိ မော်တော်ယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၈၇၁၈ခုခန့်ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး
မှ စာရင်းဇယားများအရ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်
မရပ်နားရန် သတ်မှတ်ထားသည့် လမ်းများတွင် အကြောင်းမဲ့ ယာဉ်ရပ်နားမှုများကိုလည်း ဖမ်းဆီး
အရေးယူလျက်ရှိကြောင်း သိရသည်။

















