အင်းစိန်ရထားလမ်း ခုံးကျော်တံတား ခြောက်ဘီလီယံကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်း

အင်းစိန်ရထားလမ်း ခုံးကျော်တံတား ခြောက်ဘီလီယံကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်း

အသစ်ဆောက်လုပ်မည့် အင်းစိန်ရထားလမ်းခုံးကျော်တံတားအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ
ခြောက်ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း မလွှကုန်း တံတားပေါင်အလုပ်ရုံမှ မြို့ပြ
အင်ဂျင်နီယာ တစ်ဦး၏ပြောကြားချက်ကို ဇွန်လ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်
ရေးသားထားသည်။

အဆိုပါတံတားကို ၂၀၁၅ ခုနှစ် ဧပြီလ မတိုင်မီတွင် ဆောက်လုပ်ပြီးစီးရန် လျာထားပြီး လော
လောဆယ်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ပြည်ထောင်စုဘတ်ဂျက်ငွေ ကျပ်
သန်း ၅၀၀ အသုံးပြုခွင့် ပေးထား ကြောင်း သိရသည်။တည်ဆောက်ရေးလုပ်ငန်းများအတွက်
လိုအပ်သော တင်ဒါခေါ်ယူမှုများကို ဩဂုတ်လတွင် ပြုလုပ်သွားမည်ဟုသိရသည်။

"အခုအသစ်ထပ်မံတည်ဆောက်ရခြင်းကတော့ လက်ရှိခုံးကျော်တံတားက ယာဉ်တွေ ဖြတ်သန်း
သွားလာဖို့ အတွက် နှစ်လမ်းစာဘဲရှိလို့ပါ။ အမှန်က လေးလမ်းဆောက်သင့်ပါတယ်။ လက်ရှိ
တံတားဟောင်းက ကျဉ်းတယ်။အရှည်အားဖြင့်လည်းတိုနေပါတယ်" ဟု မြန်မာ့မီးရထား မြို့ပြ
အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာမှူး ဦးမျိုးဇော်ထူးက တံတားသစ်တည်ဆောက်မှုနှင့် ပတ်သက်
ပြီး ပြောခဲ့ကြောင်းသိရသည်။

အင်းစိန်ခုံးကျော်တံတားအသစ်ကို ပေ ၁၅၅၇ အရှည်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ပင်မတံတား
အပြင် တံတားလက်တက်တစ်ခုလည်း တည်ဆောက်မည်ဟု သိရသည်။အဆိုပါတံတားသည်
မီးရထားနယ်မြေတွင် ရ၅ ရာခိုင်နှုန်းနှင့် ယာဉ်သွားလမ်းကြောင်းပေါ်တွင် ၂၅ ရာခိုင်နှုန်းခန့် တည်
ရှိမည်ဖြစ်ပြီး တံတားဟောင်း၏ ရ ပေခန့်အကွာတွင် တည်ဆောက်မည်ဖြစ်သည်။

အင်းစိန်ခုံးကျော်တံတားအသစ် ဆောက်လုပ်ပြီးစီးပါက ယင်းတံတားပေါ်မှ ရန်ကုန်မြို့ဘက်သို့
သွားမည့်ယာဉ်များကို ဖြတ်သန်းခွင့်ပေးပြီး ရန်ကုန်မြို့ဘက်မှ ပြန်လာသော ယာဉ်များကို တံတား
ဟောင်းဘက်မှ သွားရမည့် တစ်လမ်းသွားစနစ်ကို အသုံးပြုမည်ဟု သိရသည်။

လက်ရှိတွင် အသုံးပြုနေဆဲဖြစ်သည့် ခုံုးကျော်တံတားဟောင်းသည် အရှည် ၈၀၅ ပေ၊ တံတား
အကျယ် ၃၄ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ နှင့် ၀ဲ၊ယာ ပလက်ဖောင်းအကျယ် ၆ ပေ
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး