စည်ပင်သာယာနယ်နမိတ်အတွင်း စည်းကမ်းမဲ့ဆိုင်ကယ်များဖမ်းဆီးရမိမှုတွင် လိုင်စင်ရှိ
နယ်ကျော်ဆိုင်ကယ်များဖမ်းဆီးရမိမှု အများဆုံးကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး
(ရန်ကုန်)မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ဇွန်လ ၂၃ ရက်နေ့ကပြောကြားသည်။
"စည်ပင်သာယာနယ်နမိတ်အတွင်းမှ စည်းကမ်းမဲ့လိုင်စင်ဖမ်းမိတာ ဒီတစ်ပတ် ဖမ်းဆီးရမိတဲ့
ဆိုင်ကယ်က လိုင်စင်ရှိနယ်ကျော်ဆိုင်ကယ် ၆၇ စီးရှိတယ်။ လိုင်စင်မဲ့ ဆိုင်ကယ် လေးစီး ပေါင်း
ရ၁ စီးရှိတယ်။ အများဆုံးဖမ်းမိတာက လိုင်စင်ရှိဆိုင်ကယ်တွေ အများဆုံးဖြစ်တယ်။ ဒီနယ်ကျော်
ဘီးတွေကလိုင်စင် ရှိတဲ့အတွက်ကြောင့် ဒဏ်ငွေ ၁၅၀၀ ဘဲဆောင်ရတယ်။ ဒီလိုဆောင်နေတဲ့
အတွက်ကြောင့် စီးတဲ့သူတွေကလည်း ဒဏ်ငွေ ၁၅၀၀ ဘဲဖြစ်တဲ့အတွက်ကြောင့် ခဏခဏကျူး
လွန်လာတာတွေရှိတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်က တော့ ချက်ခြင်းသိမ်းလိုက်တယ်။ လိုင်စင်ရှိတဲ့
ဆိုင်ကယ်တွေက တော့ မော်တော်ကားတွေ လိုင်စင်ဖမ်းခံရသလိုဘဲ သူမြို့နယ်အလိုက် ယာဉ်
စည်းကမ်းတရားရုံးတွေမှာ ဒဏ်ငွေဆောင်ရတယ်။ လိုင်စင်မပါတဲ့ဆိုင်ကယ်တွေကိုတော့ ၁၉၆၄
ခုနှစ် သွင်းကုန်ထုတ်ကုန်ဥပဒေအရ အရေးယူတယ်။ပြစ်ဒဏ်ကိုတော့ တရားသူကြီးရဲ့ဆုံးဖြတ်
ချက်ပေါ်မူတည်ပါတယ်" ဟု ၎င်းကပြောကြားသည်။
စည်းကမ်းမဲ့နယ်ကျော်လိုင်စင်များဖမ်းဆီးရမိရေးအတွက်သက်ဆိုင်ရာသို့တင်ပြဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း၊ လိုင်စင်ရှိဆိုင်ကယ်များအနေဖြင့် စည်ပင်သာယာနယ်နမိတ်ပြင် ပတွင်
စီးနင်းရန်ခွင့်ပြုထားသော်လည်း သတ်မှတ်ထားသည့်နယ်နိမိတ်အတွင်းကျော်၍ စီးနင်းခြင်း၊
လူပိုတင်ဆောင်စီးနင်းခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းတို့ကြောင့် ဖမ်းဆီးရမိမှုများ
လာကြောင်း၊ လူတန်းစားအများစုစီးနင်းနိုင်သည့် နှုန်းထားဖြင့် စီးနင်း လာနိုင်ခြင်းတို့ကြောင့်သက်ဆိုင်ရာမကြာခဏဖမ်းဆီးအရေးယူမှုများပြုလုပ်နေရခြင်းဖြစ်ကြောင်း
ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းယခုအပတ်အတွင် ယာဉ်တိုက်မှု ၄၂
မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၁ ဦးခန့်ရှိခဲ့ကာ ဒဏ်ရာရ ရှိသူ ၄၉ ဦး မ ၁၇ ဦး၊ရှိခဲ့ကြောင်း
သိရသည်။
ထို့အပြင် လှည့်ကင်းဖွဲ့ဖမ်းဆီးမှု ၁၉၉ မှု၊ မြို့နယ်အလိုက်မှတ်သားဖမ်းဆီးမှု ၃၄၇၉ မှု၊ မီးပွိုင့်မှတ်
သားဖမ်း ဆီးမှု ၁၂၁၃ မှု၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုးဖွဲ့ဖမ်းဆီးအရေးယူမှု ၃၄၇၈ မှု၊နှင့်မရပ်
ရလမ်းများတွင်ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်အစီးရေစုစုပေါင်း ၉၄၄၄ မှုတို့ကို အရေးယူခဲ့ကြောင်း
သိရသည်။

















