ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရဲ့ ပန်းဆိုးတန်း - ဒလ ကူးတို့
လုပ်ငန်းဟာ ရန်ကုန်မြစ်ကိုဖြတ်ပြီး နေ့စဉ်ခရီးသည် သုံးသောင်းခန့်ကို သယ်ယူ ပို့ဆောင်ပေးနေရ
ပါတယ်။
ပျှမ်းမျှခရီးသည်ပေါင်း ရ၀၀ လောက် သယ်ဆောင်နိုင်တဲ့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊
ထီးလိူှုင်ရှင် စတဲ့ ရေယဉ်ကြီးတွေနဲ့ အလှည့်ကျသလို သယ်ပို့ပေးနေရတာပါ။
ခုတ်မောင်းချိန် ၁၀ မိနစ်ကနေ မိနစ်၂၀ ၀န်းကျင်ရှိပြီး၊ ဟိုဘက်သည်ဘက် လွန်းပြန် ပြေးဆွဲနေရပါ
တယ်။
အတက်အဆင်းတိုင်းမှာ စနစ်တကျဖြစ်အောင် တတ်နိုင်သလောက်လေး ကြိုးစားနေကြတဲ့
၀န်ထမ်းတွေ ရှိနေပေမယ့်လည်း စည်းစနစ်မကျနမှုတွေ အဆင်မပြေမှုတွေတော့ တွေ့နေရသေးတာ
ပါပဲ။
ကူးတို့သင်္ဘောတွေကို အမှီပြုပြီး ပန်းဆိုးတန်းနဲ့ဒလ နှစ်ဖက်ဆိပ်ကမ်းတွေမှာ စားသောက်ဆိုင်တွေ
ဈေးသည်တွေနဲ့ အဝေးပြေးကားတွေ၊ ဆိုင်ကယ်တွေ၊ မြို့တွင်းပြေးဆွဲ ဆိုင်ကယ်နဲ့ ကားအငှားယာဉ်
တွေ၊ အနှေးယာဉ်တွေနဲ့ လူအများ ၀မ်းရေးဖြည့်တင်းရာ နေရာလည်း ဖြစ်နေပြန်ပါတယ်။
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အချိန်တုန်းက ရန်ကုန်မြစ်အတွင်းမှာရှိတဲ့ ရေယာဉ်ကြီးငယ်တွေဟာ
ဆိပ်ခံတွေနဲ့ အတူပြိုကျ ပျက်စီးခဲ့ကြတယ်။
ဒီလိုပျက်စီးမှုတွေကြံု တွေ့လာရတဲ့အတွက် ပန်းဆိုးတန်း-ဒလကူး တို့ဆိပ်မှာရှိတဲ့ ရေဆင်းတံတား
နဲ့ရေဘောင်တွေ ကူးတို့ရေယဉ်တွေကို ပြန်လည် တည်ဆောက်ခဲ့ရတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဆိပ်ကမ်းနေရာတွေဟာ ဒလမြို့ရဲ့ထွက် ပေါက်တစ်ခုသာ မဟုတ်ဘဲ
ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးရဲ့ ထွက်ပေါက်နေရာလို့လည်း ပြောလို့ရနေလို့ပါပဲ။
နာဂစ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ဂျပန်နိုင်ငံအခြေစိုက် ဂျိုက်ကာ အဖွဲ့က
အများပြည်သူကူးသန်းမှု ထူထပ်တဲ့ ပန်းဆိုးတန်း - ဒလကူးတို့သင်္ဘော ခရီးစဉ်အတွက်
သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ လုပ်ငန်းတွေ အကောင်အထည်ပေါ်လာပြီဖြစ်တဲ့အတွက် တိုးတက်မှုတွေ
မြင်လာရပါပြီ။
အခုဆိုရင် ပန်းဆိုးတန်း-ဒလ ကူးတို့လိုင်းမှာ ဖြည့်ဆည်းဖို့အတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့
နာကာတာနီသင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တဲ့ ချယ်ရီ ၁၊ ၂၊ ၃ အမည်ရ သင်္ဘောသုံးစင်းဟာ
ရေချခဲ့ပြီးဖြစ်ပါတယ်။
သိပ်မကြာခင်ကာလထဲမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ချစ်ကြည်ရေး အထိမ်းအမှတ်
အဖြစ် ပေးအပ်သွားမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ သင်္ဘောသစ်နဲ့ သွားရတော့မှာပါ။
ဈေးနှုန်း တိုးကောက်ခံဖို့ စိတ်ကူး မရှိဘူးလို့လည်း ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက
ဆိုထားပါတယ်။
အဲဒီလိုရောက်ရှိလာမယ့် သင်္ဘောသုံးစင်းနဲ့ အပြိုင်လိုက်လျောညီထွေဖြစ်စေဖို့ ဒလ ဆိပ်ကမ်း
ဆိပ်ခံ၊ ရေဆင်းတံတား၊ ရေဘောင်၊ ခရီးသည် နားနေဆောင်တွေကိုလည်း အခုနှစ် အစောပိုင်းက
စတင် တည်ဆောက်ခဲ့တာ လာမယ့် အောက်တိုဘာလအတွင်း ပြီးစီးမယ်လို့ ဒလသင်္ဘောကျင်း
ဒုတိယအင်ဂျင်နီယာမှူး ဦးဇော်မိုးမြင့်က ပြောပါတယ်။
တည်ဆောက်ရေး ကာလအတွင်းမှာ ခရီးသည် ယာယီနားနေဆောင် တည်ဆောက်ပေးပြီး၊
သွားလာမှု မပျက်ရအောင်တော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေးမှ အထွေထွေ မန်နေဂျာ ဦးမောင်မောင်က ဆိုပါတယ်။
ဒလဆိပ်ကမ်းအတွင်း ဆိပ်ခံ၊ ရေဘောင်၊ ရေဆင်း၊ တံတားတွေကို အတက်အဆင်းပုံစံ နှစ်ဖက်တွဲ
ပြုလုပ်မှာဖြစ်တဲ့အတွက် နေရာအခင်း အကျင်းအသစ်နဲ့ ပြင်ဆင်မှုတွေ လိုအပ်လာမှာဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် အချိန် ရှစ်လကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး အခုဆိုရင် ရာခိုင်နှုန်း ၆၀ ကျော်ပြီး
လို့ မကြာခင် ရုပ်လုံးပေါ်လာတော့မှာ ဖြစ်ပါတယ်။
ဒီစီမံကိန်း ပြီးစီးတဲ့အခါ ရောက်ရှိလာမယ့် ချယ်ရီသင်္ဘောသစ် သုံးစင်းနဲ့ စတင်ပြေးဆွဲမှာဖြစ်ပြီး၊
ဆိပ်ခံ အသစ်၊ ချယ်ရီသင်္ဘောသစ်တွေနဲ့ ဒလမြို့ ကို အမှီပြုတဲ့ ဖွံ့ဖြိုးမှုအသစ်တွေလည်း
တွေ့ကြရဖို့ ရှိနေပါတယ်။

















