တရားပွဲစီစဉ်သူက ထောင်ဒဏ် တစ်လကို ရွေးချယ်

တရားပွဲစီစဉ်သူက ထောင်ဒဏ် တစ်လကို ရွေးချယ်

ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်၊ မြစံပယ်လမ်းတွင် ဖေဖော်ဝါရီလအတွင်းက ကျင်းပ
ပြုလုပ်ခဲ့သည့် ထေရဝါဒတရားပွဲများနှင့် ပတ်သက်၍ တရားပွဲဦးစီး ကျင်းပသူ ဂရုဏာမြင့်မိုရ်
လူငယ်အဖွဲ့ခေါင်းဆောင် ဦးကျော်ဟိန်းကို ဇွန်လ ၂၃ ရက်နေ့က ရွှေပြည်သာမြို့နယ်တရားရုံးက
ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးအမိန့်တွင် ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့
သော်လည်း ကိုကျော်ဟိန်း ထောင်ဒဏ် တစ်လကိုသာ ရွေးချယ်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂရုဏာမြင့်မိုရ်လူငယ်အဖွဲ့မှ ငါးညတိုင်
ကျင်းပပြုလုပ်ခဲ့သည့် တရားပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်ရယူခဲ့သော်လည်း
မြို့နယ်အုပ်ချုပ်ရေးမှူးထံက သတ်မှတ်ထားသည့်သုံးရက်ကို နှစ်ရက်ပိုမို ခဲ့ခြင်းကြောင့်
မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်
ရွှေပြည်သာမြို့နယ်တရားရုံးသို့ ပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုတင်ပိုခဲ့မှုဖြစ်သည်။

အဆိုပါတရားပွဲတွင် ရွှေညဝါဆရာတော်၊ ဦးသောမ၊ သဘာဝတရားရိပ်သာဆရာတော်
ဦးဥတ္တမသာရနှင့် ဒဂုံမြို့သစ်တောင်ပိုင်း ဆရာတော် ဦးဆန္ဒကေသရတို့က ဟောပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး