မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းကို ၀ါမဝင်ခင်ပြောင်းရွှေ့ရန် ညွှန်ကြားချက်ထွက်ရှိ

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းကို ၀ါမဝင်ခင်ပြောင်းရွှေ့ရန် ညွှန်ကြားချက်ထွက်ရှိ

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်း(ယာယီ)အား
၀ါမဝင်ခင် ပြောင်းရွှေ့ပေးရန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားချက်ထွက်ရှိလာ
ကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများကို ကိုးကား၍ ကြေးမုံသတင်းစာက ဇွန်လ၃၀ရက်
နေ့တွင် ဖော်ပြခဲ့သည်။

ယာဉ်ရောင်းဝယ်ရေးစခန်းကို အဆိုပါနေရာမှ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ၊ မြေဧရိယာ
(၁၁)ဧက ကျယ်ဝန်းသော ကွင်းပြင်သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင် ယင်းနေရာ၌
ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည်။

"ယာဉ်ငယ်တွေကို ပြီးသလောက်နေရာမှာလုပ်ကိုင်ဖို့အရင်ဆုံးပြောင်းရွှေ့စေချင်တယ်။ ဘာတာမှာ
က နေရာအကုန်လုံးမပြီးသေးဘူး" ဟု ယာဉ်ဝယ်ရောင်းသမားတစ်ဦးက ကြေးမုံသတင်းစာသို့ပြော
ကြားခဲ့သည်။ ပြောင်းရွှေ့ရာတွင် ယာဉ်ငယ်နှင့်ယာဉ်ကြီးများကို အသုတ်ခွဲ၍ ပြောင်းရွှေ့မည့်အစား
နေရာသစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများအလုံးစုံပြီးဆုံးမှသာ ယာဉ်ကြီး၊ယာဉ်ငယ်အားလုံး
တစ်စုတစ်စည်းတည်း ပြောင်းရွှေ့ရန် ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ဆန္ဒရှိသည်ဟု
ဆိုသည်။

"ယာဉ်ငယ်တွေပြောင်းပြီး၊ ယာဉ်ကြီးသမားတွေ ကျန်ခဲ့မှာကိုလည်း မဖြစ်စေချင်ဘူး၊ တစုတစည်းတည်း ပြောင်းရွှေ့စေချင်တယ်၊ နေရာအကုန်လုံးမပြီးသေးတာတောင်မှ ပြီးတဲ့အချိန်
ကျမှ စုစုစည်းစည်းနဲ့ ပြောင်းလိုကြပါတယ်" ဟု အဆိုပါယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူက ကြေးမုံ
သတင်းစာသို့ ပြောကြားခဲ့သည်။

ယာဉ်ရောင်းဝယ်ရေးစခန်းရွှေ့ပြောင်းမည့်ကိစ္စနှင့်ပတ်သက်၍ မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေး
စခန်း (ယာယီ)အတွင်းတွင် လုပ်ကိုင်ကြသော လုပ်ငန်းရှင်များအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်
ခဲ့ကြပြီး အကုန်ပြောင်းရွှေ့သည့်နေ့တွင် စည်ပင်သာယာမှ ပုဂ္ဂိုလ်များအပါအဝင် မော်တော်ယာဉ်
ရောင်းဝယ်ရေး အသင်းမှ ပုဂ္ဂိုလ်များ၊ ၀ယ်ရောင်းများ၊ ပွဲစားများ စုပေါင်းသတင်းစာရှင်းလင်းပွဲ
တစ်ရပ်ပြုလုပ်သွားမည်ဟု ကြေးမုံသတင်းစာက ဖော်ပြခဲ့သည်။

မင်းရဲကျော်စွာလမ်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်း (ယာယီ)မှာ ကျန်းမာရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး၊ ယခုကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်တောင်းခံလာသောကြောင့် အခြားတစ်နေရာသို့ရွှေ့
ပြောင်းရန် စီစဉ်ရခြင်းဖြစ်သည်။ မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းကို ဟံသာဝတီယာဉ်
ရောင်းဝယ်ရေးစခန်းမှ ၂၀၁၃ခုနှစ်၊ မတ်လ၁ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကားအစီးရေ
တစ်ထောင်ခန့် ရပ်နားကာ ရောင်းဝယ်မှုများ ပြုလုပ်နေသောနေရာဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး