ချယ်ရီသင်္ဘော သုံးစင်းအား လွှဲပြောင်းလက်ခံ

ချယ်ရီသင်္ဘော သုံးစင်းအား လွှဲပြောင်းလက်ခံ

ပန်းဆိုးတန်းနှင့် ဒလပြေးဆွဲရန်အတွက် ဂျပန်အစိုးရက တည်ဆောက်ပေးသည့် ချယ်ရီသင်္ဘော
သုံးစင်းအား ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်တွင်း ရေကြောင်းသို့
လက်မှတ်ရေးထိုးကာ လွှဲပြောင်းပေးအပ်ခဲ့သည်။

"ရောက်တာကတော့ စက်တင်ဘာလအတွင်းမှာ ရောက်မယ်။ ပို့ရတာသူတို့ဘက်ကလည်း
အခက်အခဲတော့ ရှိပါတယ်။ ပြည်တွင်းစီး တည်ဆောက်ပေးထားတာဖြစ်တဲ့အတွက်
တောင်တရုတ်ပင်လယ် ကပ္ပလီပင်လယ်တွေကို ဖြတ်သန်းလာဖို့ ရာသီဥတုအခြေနေအရ
အခက်အခဲရှိပါတယ်။ သူတို့ဆီကပင်လယ်ကူး သင်္ဘောကြီးနဲ့ သုံးစင်းစလုံးကို တင်ပြီးယူလာဖို့
စီစဉ်နေတယ်လို့ သိရပါတယ်"ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ
ဦးမောင်မောင်လွင် က ပြောသည်။

နေ့စဉ်ခရီးသွားပြည်သူ သုံးသောင်းကျော်အား ပို့ဆောင်ပေးလျက်ရှိနေသည့် ပန်းဆိုးတန်း
ဒလလိုင်း၌ ပြေးဆွဲရန် ချယ်ရီသင်္ဘော၁၊ ၂၊ ၃ အမည်ရသည့် သင်္ဘောသုံးစင်းအား ဟီရိုရှီးမားတွင်
တည်ဆောက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး