မြန်မာ ဥရောပကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပမည်

မြန်မာ ဥရောပကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ ရွှေနံ့သာစံပြကျေးရွာတွင် မြန်မာ ဥရောပ
ဗုဒ္ဓသာသနာပြုအသင်း၏ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို လန်ဒန်ဆရာတော် ဦးဥတ္တရ
၏ မွေးနေ့ မင်္ဂလာနှင့်အတူ ဩဂုတ်လ ၃ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော်
ဦးဥတ္တရက မိန့်ကြားသည်။

"ဦးပ ဉ္စင်းမွေးနေ့ကို ကျောင်းဆောင်သစ် ဖွင့်ပွဲနဲ့ တွဲလုပ်လိုက်တဲ့ သဘောပါ။ လုံးဝ
ကျောင်းဆောင်ကြီးအသစ်တော့ မဟုတ်ပါဘူး။ ယာယီကျောင်းဆောင် တိုက်ကျောင်းလေးပါ။
ဦးပ ဉ္စင်းကတော့ ဒီကျောင်းမှာ ၀ါဆိုဖြစ်မှာ မဟုတ်ဘူး။ သုံးထပ်ကျောင်းမှာ ၀ါဆိုပြီး ဖြစ်နေတယ်။
ဒါပေမဲ့ တခြား ဦးပ ဉ္စင်းတွေတော့ ၀ါဆိုဖြစ်လိမ့်မယ်"ဟု ဆရာတော်က မိန့်သည်။

ယခုဖွင့်လှစ်မည့် ကျောင်းဆောင်သစ်သည် လန်ဒန်အခြေစိုက် ဥရောပ ဗုဒ္ဓသာသနာပြုအသင်း၏
မြန်မာနိုင်ငံဆိုင်ရာ အခြေစိုက်ရုံးတစ်ရုံး ဖြစ်သည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ တည်ထောင်ထားပြီးဖြစ်သည်။

လက်ရှိတွင် ဦးဥတ္တရသည် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပိုင်ဆိုင်မှုကိစ္စနှင့်
ပတ်သက်ပြီး တာမွေမြို့နယ်တရားရုံး၌ သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၆(က)ဖြင့်
တရားစွဲဆိုခံထားရရာ အမှုရင်ဆိုင်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး