ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် အော်ရီးဒူးလိုင်းကတ်များကို တရားမဝင်ရောင်းချလျက်ရှိ

ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် အော်ရီးဒူးလိုင်းကတ်များကို တရားမဝင်ရောင်းချလျက်ရှိ

ရောင်းချရမည့်ရက်ကို တိတိကျကျ ထုတ်ပြန်ပြောကြားထားခြင်းမရှိသေးသော်လည်း ရန်ကုန်
မြို့ရှိ ဖုန်းအရောင်းအချို့တွင် ကြိုပေးကတ်များကို တရားမဝင်ပုံစံဖြင့် ဇူလိုင်လ ၃၀ ရက်နေ့တွင်
ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

"လာဝယ်လို့ရပါတယ်၊ ဖုန်းကတ်တစ်ကတ်ကို ၁၅၀၀ ကျပ်နဲ့ပါ။ ဒါပေမယ့် မှတ်ပုံတင်မိတ္တူ
တစ်ခုတော့ လိုအပ်ကြောင်း" ဖုန်းဆိုင်အနီးရှိ ဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင် အမျိုးသမီးက
ပြောသည်။

အော်ရီးဒူး ဖုန်းလိုင်းကတ်များတွင် အင်တာနက် အဆင်သင့်ပါပြီးဖြစ်သည့်အပြင် ဆက်သွယ်
ရေးနှင့် ဆက်စပ်သည့်လိုင်းများကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ခေါ်နိုင်ပြီး၊ အင်တာ
နက် လိုင်းမြန်နှုန်း မှာလည်း အမြင့်ဆုံးတွင်ရှိကြောင်း၊ မန္တလေးတွင်လည်း တင်ကြိုရောင်းချပေး
နေကြောင်း ကြည့်မြင်တိုင် လေဟာပြင်ဈေး ဖုန်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက
ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး