ရန်ကုန်မြို့ အပါအဝင် လူဦးရေတစ်သိန်းနှင့်အထက်ရှိသည့်မြို့များ၏ မြို့ပြစီမံကိန်းရေးဆွဲခြင်းကို
ဆောင်ရွက် လျက်ရှိပြီး ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကို ကိုးကား၍ ဩဂုတ်လ ၁၁ ရက်နေ့က မြဝတီ
သတင်းစာတွင် ဖော်ပြထားသည်။
မြို့ပြစီမံကိန်းရေးဆွဲခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၈၁ မြို့နယ်ရှိသည့်
အနက်မှ ပထဦးစားပေးအနေဖြင့် လူဦးရေတစ်သိန်းနှင့် အထက်ရှိသော မြို့ပေါင်း ၅၆ မြို့ကိုရွေး
ချယ်၍ ရေးဆွဲ မည်ဖြစ်ပြီး ဒုတိယဦးစားပေးအနေဖြင့် လူဦးရေ ငါးသောင်းကျော် ရှိသော မြို့များ
ကိုရေးဆွဲမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။ မြို့ပြစီမံကိန်းကို
ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့၊ စစ်တွေမြို့၊မိတ္ထီလာ၊ပြင်ဦးလွင်၊ မိုးကုတ်
နှင့် ဟင်္သာတမြို့များတွင် ဦးစားပေးအနေဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာမှ သိရသည်။
အဆိုပါမြို့ပြစီမံကိန်းရေးဆွဲရာတွင် မြို့ရွာများအား စီးပွားရေးလုပ်ကိုင်သင့်သည့် နေရာများ၊
သယ်ယူပိုု့ဆောင် ရေး အတွက် ဆုံမှတ်ကျသော နေရာများ၊ ယဉ်ကျေးမှုဒေသများ၊ ခရီးသွား
လုပ်ငန်းများလုပ်ကိုင် သင့်သည့် နေရာများအဖြစ် ဖြစ်ပေါ်လာစေရန် ရေးဆွဲသွားမည်ဟု
သိရသည်။
















