ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ရေးလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုသူများပြား

ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ရေးလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုသူများပြား

ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်ဆုံရာ ဘောလင်းစင်တာအနောက်ဘက်ရှိ မြစ်ရေပြင်
တွင် သမိုင်းဝင် ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးစီမံကိန်းသို့ သမ္ဗန်ဖြင့်လှည့်လည် ကြည့်ရှုခဲ့
သူများပြားကြောင်း သိရသည်။

စီမံကိန်းတွင် ခေါင်းလောင်းရှိသည်ဟု ယူဆသောရာနေရာတွင် အမှတ်ပြတိုင်ဖြင့် ကျောက်ချ
ချည်ထားပြီး ထိုပတ်ဝန်းကျင်တွင် ရဟန်းသံဃာနှင့် တာဝန်ရှိသော သူများလိုက်ပါလာ သော လူတင်သင်္ဘောတစ်စီးနှင့် မြေတူးစက်အကြီးစားတစ်စီး၊ ရေငုပ်သမားများ၏ လှေသမ္ဗန်နှစ်စီး
ရှိနှင့်ပြီး သမ္ဗန်ဖြင့်လှည့်ပတ်ကြည့်ရှုသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး အဆိုပါနေရာသို့
အရဲစွန့်ကြည့်ရှုသူ တစ်နေ့ထက်တစ်နေ့များပြားလျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ ရက်နေ့ကတည်းက ရောက်နေတာပါ။ ဒီမှာ တစ်နေ့ကို အခေါက်
၁၅ ၊၂၀ ခေါက်တော့ရတယ်"ဟု သမ္ဗန်ခေါက်ပြန်ဆွဲစားသူတစ် ဦးက ပြောသည်။ အမှတ်ပြနေရာ
သို့သွားရန် ရှုခင်းသာ ဘောခံဆိပ်နှင့်၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းမှတဆင့် ကြည့်ရှုသူများ
သွားစီးကြသည်။ ထိုသို့သမ္ဗန်ငှားစီးရာတွင် တစ်ဦးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အတွင်းရှိပြီး
နန်းသီတာဆိပ်ကမ်းမှ ငှားစီးရာတွင် တစ်စီးလုံးကို ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိ ကုန်
ကျမည်ဖြစ်ကြောင်း သိရသည်။

"လှိုင်းလေတွေကြားထဲကနေ လူကိုယ်တိုင်းအနီးကပ်ပေါ့၊ ကြည့်လို့ရနိုင်တဲ့အနေအထားထိ
သွားကြည့်ခဲ့တယ်။ အရမ်းကိုအောင်မြင်စေချင်တယ်"ဟု မြစ်ဆုံ ပင်လယ်ဝထိ ဆယ်ယူရေး
အခြေအနေ ကြည့်ရှုခဲ့သူ ဦးဝင်းညွှန့်က မေးမြန်မှုကို ဖြေကြားခဲ့သည်။

ရှုခင်းသာ ဘောခံဆိပ်မှသမ္ဗန်များသည် အသေးစားလေးများဖြစ်ပြီး၊ သက်ကယ်အကျင်္ီ တစ်စုံ
တစ်ရာမရှိသောကြောင့် အသက်အန္တရာယ်ကြီးမားပြီး လှိုင်းလေမငြိမ်သက်မှုဖြင့် အလွယ် တကူ ယိမ်းခါမှောက်နိုင်၍ ရေကူးကျွမ်းကျင်မှုရှိမှသာလျှင်သွားသင့်ကြောင်း ပတ်ဝန်းကျင်မှ လူကြီး
အချို့က သတိပေးလျက်ရှိသည်။

အဆိုပါ သမိုင်းဝင်ခေါင်းလောင်းကြီးကို ၁၁ နှစ်ကြာ ဆယ်ယူရန် လုံးပမ်းခဲ့သော်လည်း မအောင်
မြင်ခဲ့ဘဲ ယခုတဖန် ဆယ်ယူရေးစီမံကိန်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် တဖန် ပြန်လည်စတင်
ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အစိုးရမှ လေးကြိမ်တိုင်တိုင် ဆယ်ယူရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပြီး
အောင်မြင်မှု မရရှိခဲ့၍ ယခုတစ်ခါ အလှူရှင်များ၏ ငွေကြေးအင်အား သိန်းနှစ်ထောင်နီးပါး
အထိရရှိထားပြီး၊ စီမံကိန်း သီတင်းနှစ်ပတ်လောက် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး