ရန်ကုန်မြို့ပတ်လမ်းနှင့် ဆင်ခြေဖုံးလမ်းပိုင်းခရီးစဉ်များကို ပြေးဆွဲရာတွင်အသုံးပြုနေသည့်
အဆင့်မြင့်ရထား တွဲဆိုင်းနှစ်ခုကို နှစ်လာမည့်ဩဂုတ်လ(၁၆)ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံမှ
ရောက်ရှိသည့် Air con ရထားဖြင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ
သိရသည်။
ဂျပန်နိုင်ငံမှ ရောက်ရှိသည့် Air Con ပါရှိသည့် RBE ငါးတွဲပါရှိသည့် ရထားတွဲဆိုင်းနှစ်ဆိုင်းကို
လက်ရှိ အသုံးပြုနေသည့် (ဇ)နှင့်(ဂ) အဆင့်မြင့်တွဲဆိုင်းနေရာတွင် အစားထိုးပြေးဆွဲမည်ဖြစ်ပြီး
Air Con RBE ပထမတွဲဆိုင်းကို အဆင့်မြင့်(ဂ)ရထားတွဲနေရာတွင် ဩဂုတ်လ(၁၆)၌ စတင်
အစားထိုးပြေးဆွဲမည်ဖြစ်သည်။
အသစ်ထပ်မံပြေးဆွဲမည့်ရထားတွဲဆိုင်းအတွက် ခရီးစဉ်တစ်ခုလျှင် လက်မှတ်ခ ၃၀၀ ကျပ်
ကျသင့်မည် ဖြစ်သည်။မြန်မာ့မီးရထားမှ ကနဦးပြေးဆွဲနေသော Air Con RBE ရထားလက်မှတ်ခ
ကို အထူးတွဲအတွက် ၄၀၀ ကျပ်ကောက်ခံရာမှ ၃၀၀ ကျပ်သို့ လျှော့ချ ကောက်ခံ မည်ဖြစ်ပြီး
အဆင့်မြင့်ရထားဆိုင်း(ဇ)နှင့် (ဂ)အတွက် ရထားလက်မှတ်ခကို ၂၀၀ ကျပ်သို့ လျှော့ချဖြစ်ကြောင်း
သိရသည်။
မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ခရီးစဉ်တွင် ရထားလက်မှတ်ခအတွက် ရိုးရိုးတန်း ၁၀၀ ကျပ်နှင့်
၂၀၀ကျပ်၊ အထူးတန်းလက်မှတ်ခ ၃၀၀ ကျပ်နှင့် Air Con ရထားတွဲအတွက် ၄၀၀ ကျပ်
သတ်မှတ်ပြေးဆွဲလျက်ရှိသည်။

















