ရထားလမ်းမြေနိမ့်မှုကြောင့် လှိုင်သာယာ ညောင်တုန်းရထားလမ်း ပြေးဆွဲမှုခေတ္တရပ်ဆိုင်းမည်

ရထားလမ်းမြေနိမ့်မှုကြောင့် လှိုင်သာယာ ညောင်တုန်းရထားလမ်း ပြေးဆွဲမှုခေတ္တရပ်ဆိုင်းမည်

မိုးရွာသွန်းမှုကြောင့် လှိုင်သာယာ ဟင်္သာတရထားလမ်းတွင် လှိုင်သာယာမှ ညောင်တုန်းသို့
ပြေးဆွဲသည့် ရထား လမ်းပိုင်း၌ မြေကျွံမှုများဖြစ်ပေါ်နေသောကြောင့် ရထားလမ်းပြုပြင်ချိန်တွင်
ရထားပြေးဆွဲမှုကို ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနကို ကိုးကား၍
ဩဂုတ်လ ၁၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

သို့သော် ဟင်္သာတ လှိုင်သာယာရထားလမ်းပိုင်းတွင် ဟင်္သာတ ညောင်တုန်းရထားလမ်းပိုင်းကိုမူ
ယခင် ခရီးစဉ်အတိုင်း ပြေးဆွဲမည်ဖြစ်သည်။ အဆိုပါရထားလမ်းသည် ဧရာဝတီမြစ်ကို ဖြတ်သန်း
တည်ဆောက်ထားသည့် ရန်ကုန်တိုင်းနျင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသော ရထားလမ်း
ဖြစ်ပြီး မိုင် ၉၀ ခန့်ရှည်လျားသည်။

လှိုင်သာယာ ဟင်္သာတရထားလမ်းသည် ၂၀၁၄ ခုနှစ် မေလ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း
ဖြစ်ပြီး ခရီးစဉ် တစ်ကြောင်းလျှင် ခြောက်နာရီခန့်ကြာမြင့်သည်။ယင်းသည် လှိုင်သာယာ၊ ညောင်
တုန်း၊စက္ကော့၊ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ စသည့်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး