Fujikura၊ NGK နှင့် Kindem စသည့် လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ဂျပန်
ကုမ္ပဏီများမှ လှူဒါန်းသည့် လျှပ်စစ်ဓာတ်အားကြိုးနှင့် ဓာတ်တိုင်သုံးပစ္စည်းများကို ယင်းကုမ္ပဏီမှ
ပညာရှင်များနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းများက တပ်ဆင်သရုပ်ပြခြင်းနှင့် လက်တွေ့
လဲလှယ်တပ်ဆင်ခြင်းအား စက်တင်ဘာလ ၁၉ရက်နေ့၌ သာကေတမြို့နယ် ငါးကွေ့မှတ်တိုင်အနီး
တွင် ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့အရင်လိုင်းတွေက Standard မမီဘူးပေါ့ဗျာ။ အခု Standard မီအောင် လုပ်လိုက်
တဲ့ သဘောပေါ့ဗျာ။ ဒါက High Voltage ။ ဒီကြိုးအမျိုးအစားက ACSR ပဲ။ အလူမီနီယံပေါ့။
ဒါပေမယ့် သူက Coated ပါတယ်။ Cover ပါတယ်။ အရင်အသုံးပြုနေတဲ့ ကြိုးတွေကျတော့
Coated မပါဘူး။ ဟိုရှေးတုန်းက တည်ဆောက်ထားတဲ့ ဓာတ်တိုင်တွေက တကယ် Insulation
(လျှပ်ကူးကာကွယ်မှု) မကောင်းဘူးပေါ့။ အခုကွန်ကရစ်ဓာတ်တိုင် အသစ်တွေက ၁၂မီတာမြင့်
တယ်။ ပိုပြီး အန္တရာယ်ကင်းလာပါမယ်" ဟု သာကေတမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ
အင်ဂျင်နီယာမှူး ဦးမင်းအောင်မျိုးသိန်းက ပြောသည်။
ယခုဓာတ်တိုင်နှင့် ဓာတ်အားကြိုးများ လဲလှယ် တပ်ဆင်ခြင်းအတွက် ကြွေသီး၊ Cover Conductor
၊ ဓာတ်အားလိုင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများကို Fujikura နှင့် NGK ကုမ္ပဏီတို့မှ လှူဒါန်းခြင်းဖြစ်ပြီး
ဓာတ်အားကြိုးများကို ဓာတ်တိုင်များတွင် တပ်ဆင်ခြင်းနည်းပညာကို Kindem မှ ထောက်ပံ့ပေးခြင်း
ဖြစ်သည်။
"အခုတပ်ဆင်တာက နဝရတ်ခွဲရုံကနေပြီးတော့ ရှုခင်းသာဘေးက ကစားကွင်းထိပ်အထိ အကွာ
အဝေးဖြစ်တယ်။ အဟောင်းတွေကို လဲလှယ်ပြီးတော့ အသစ်နဲ့ အစားထိုးတပ်ဆင်တာပါ။ ဒီနေ့က
ဓာတ်အားကြိုး အရှည် ပေ၁၇၀၀ကို တပ်ဆင်တာဖြစ်တယ်။ ဂျပန်က ပစ္စည်းတွေက အဆင့်အတန်း
မြင့်တယ်။ Insulation system တွေလည်း ကောင်းတယ်" ဟု အရှေ့ပိုင်းခရိုင်၊ ခရိုင်အင်ဂျင်နီယာ
မှူး ဦးမျိုးခင်က မြန်မာတိုင်းမ်ကို ပြောသည်။
ယခင်ဓာတ်အားကြိုးများမှာ သစ်ပင်၊သစ်ကိုင်းများ၊ အခြားအမြင့်ရှိ အရာဝတ္ထုပစ္စည်းများနှင့် ထိစပ်
နေခြင်းကြောင့် မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြံုတွေ့နေရသည်။ ထို့ပြင် လျှပ်စစ်
ဓာတ်အားကြိုး အနိမ့်သို့ တွဲကျနေသည့် နေရာအချို့တွင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်ပြီး ဓာတ်
အားကြိုးကိုင်မိ၍ ဓာတ်လိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်။
"အဟောင်းလဲလှယ်တာကတော့ အခု ရန်ကုန်မြို့တွင်းမှာပေါ့ မြို့နယ်တစ်ခုပြီးတစ်ခုပေါ့။ ကျွန်မတို့
ဘတ်ဂျက်ရရှိတဲ့အပေါ် မူတည်ပြီးတော့ တဖြည်းဖြည်းချင်း လဲလှယ်သွားမှာဖြစ်ပါတယ်။ အဟောင်း
ပြုပြင်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာပဲ ချပေးတဲ့ ဘတ်
ဂျက်အလိုက် ဒီဂျပန်ပစ္စည်းတွေနဲ့ လဲလှယ်ခြင်းလုပ်ငန်းတွေကိုလည်း ဒီဘတ်ဂျက်နှစ်ကစပြီး စတင်
လုပ်ဆောင်နေပါပြီ"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး
အဖွဲ့မှ အမှုဆောင်အင်ဂျင်နီယာ ဒေါ်သပြေက ပြောသည်။

















