ရန်ကုန်မြို့ လေးမြို့နယ်ရှိ မြို့နယ်တရားရုံး ငါးခုက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လ ၂၀ ချမှတ်ခံထား
ရသည့် မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားရုံး ခြောက်ခုက ထောင်ဒဏ်
လေးလစီချမှတ်ပြီးနောက် ၎င်း၏ သမီးအပါအဝင် ငါးဦးမှာလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ ၊ ၂ ၊ ၃ မှ သိမ်းဆည်းခံထားရသည့် မြေကွက်များကို
ပြန်လည်ရရှိရေးအတွက် မတ်လ ၂၄ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်
တတိယအကြိမ် သပိတ်စခန်း ဖွင့်လှစ်ပြီး ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပြီး
ဆန္ဒဖော်ရာ လမ်းကြောင်းတစ်လျှောက် သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိခဲ့သဖြင့်
ဦးစိန်သိန်းအား လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရုံးများ
နှင့် လသာမြို့နယ်စည်ပင် တရားရုံးတရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ်များ ချမှတ်ခဲ့ရာ စုစုပေါင်း နှစ်နှစ် ကျခံရမည်ဖြစ်သည်။
ယခုလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ ဦးစိန်သန်း
ကို ရုံးထုတ်စစ်ဆေးရန် ခေါ်ဆောင်လာစဉ် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူ
ကျော်စိုး (စုံစမ်းဆဲ)ပါ ငါးဦးနှင့် အပေါင်းပါ ၃၇ ဦး တို့ရောက်လာပြီး ကိုစိန်သန်း၏ သမီးဖြစ်သူ
မနေနွယ်သန်း(စုံစမ်းဆဲ)ဦးဆောင်ကာ 'အဓမ္မဖမ်းဆီးခံ ဦးစိန်သန်း ပြန်လွှတ်ပေး' ဟူသော
ကျွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း နံနက် ၁၀ နာရီ ခွဲအချိန်ခန့်တွင်
မိကျောင်းကန်သပိတ် စခန်းမှဆန္ဒဖော်ထုတ်သူ ၆၀ ဦးခန့်ထပ်မံ ရောက်လာပြီး အဆိုပါ
အဖွဲ့နှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် အရေးယူပေးရန် ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ
ရဲအုပ် အောင်နိုင်မြင့်နှင့် အဖွဲ့က တိုင်ကြားခဲ့သည်။
ပန်းဘဲတန်းမြို့မ ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ
ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။
















