မြန်နှုန်းမြင့် မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ၂၀၁၅တွင် စတင်မည်

မြန်နှုန်းမြင့် မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ၂၀၁၅တွင် စတင်မည်

မြန်နှုန်းမြင့် မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ၂၀၁၅တွင် စတင်မည်ဖြစ်ရာ
လုပ်ငန်းများကြောင့် ရွှေ့ပြောင်းပေးရ မည့်သူ ၁၂၉ဦးရှိနေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန
မှ အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်းက စက်တင်ဘာလ၂၃ရက်နေ့၊
ယုဇနဂါးဒင်းဟိုတယ်တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ အတွင်း ပြောကြားလိုက်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် လက်တွေ့ဖြစ်နိုင်ချေဆန်းစစ်မှု
(Feasibility Test) ကို ရထားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဂျပန်အပြည်
ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (JICA) နှင့် E-guard ကုမ္ပဏီတို့မှ ဆောင်ရွက်နေ
ခြင်းဖြစ်သည်။

ကနဦးဆန်းစစ်ချက်များနှင့် စာရင်းကောက်ယူမှုများအရ ယင်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်
သည့် ရထားလမ်းခုံးကျော်တံတားပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကြောင့်
ထိခိုက်မည့် အရာဝတ္ထု ၈၉ခုနှင့် ထိခိုက်မည့် လူပုဂ္ဂိုလ် ၁၄၈ဦးအထိ ရှိနေသည်။

ထို့ပြင် စီမံကိန်း၏ အခြားအစိတ်အပိုင်း တစ်ခုဖြစ်သည့် ရထားလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်း
များကြောင့် ထိခိုက်မည့် အရာဝတ္ထု ၅၄ခုနှင့် လူပုဂ္ဂိုလ် ၁၂၉ဦးရှိမည်ဖြစ်သည်။ ထိခိုက်မည့်
အရာဝတ္ထုဟု ဆိုရာတွင် မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာ ၊ အခြားအိမ်၊ အငှားဆိုင်၊ ရပ်ကွက်နှင့်
အများပြည်သူဆိုင်ရာအဆောက်အဦး စသည်တို့ပါ၀င်သည်။

"တစ်နည်းအားဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ရဲ့ စံနှုန်း
သတ်မှတ်ချက်ဖြစ်တဲ့ အရေအတွက် ၂၀၀အောက် လျော့နည်းတဲ့အတွက် ဒီစီမံကိန်းကို
ဆက်လုပ်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး ထိခိုက်မှုကြီးကြီးမားမား ဖြစ်ပွားမဖြစ်ပွားနိုင်ဘူးလို့
မျှော်လင့်ရပါတယ်" ဟု နါကမေိ ကုမ္ပဏီမှ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးအေးသီဟက ပြောသည်။

ထို့ပြင် စီမံကိန်းကြောင့် ထိခိုက်နစ်နာရမည့် ဒေသခံပြည်သူများကို အဆင်ပြေအောင် ပြန်လည်
နေရာချထားရေး အတွက် စီမံကိန်းစနစ်တကျသတ်မှတ်ရေးဆွဲထားပြီး မြေသိမ်းမှုများ လုံးဝ
ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ပုံမှန်အမြန်နှုန်း ပျမ်းမျှ မိုင်၃၀မှ အမြန်ဆုံး မိုင်၈၀အထိ ရထားပြေးဆွဲနှုန်းမြှင့်တင်ရန်၊
အချိန်တိကျမှုနှင့် အဆင်ပြေကောင်းမွန်သော ရထားပြေးဆွဲမှုများ တိုးတက်လာစေရန်၊ ခရီးသည်
အများအပြားအား သယ်ယူ ပို့ဆောင်မှု တိုးတက်လာစေရန်၊ ရထားလိုက်ပါစီးနင်းရာတွင်
သက်သောင့်သက်သာရှိစေရန်၊ ရထားစီးခရီးသည် များ နှင့် ရထားလမ်းတစ်လျှောက် နေထိုင်
သူများ ပိုမိုအန္တရာယ်ကင်းရှင်းလာစေရန်၊ ကားလမ်းပိတ်ဆို့မှု လျော့ပါး သက်သာစေရေးအတွက်
ပါ၀င်ကူညီနိုင်စေရန်နှင့် မြန်မာ့မီးရထား၏ စီးပွားရေးဆောင်ရွက်မှုကဏ္ဍ ပိုမိုတိုးတက်စေရေးတွင်
အထောက်အကူရရှိစေရန် စသည့် ရည်ရွယ်ချက်များကြောင့် ယင်းစီမံကိန်းကို လုပ်ဆောင်ရခြင်း
ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး