ရန်ကုန်မြို့တွင် လတ်တလော ဖြစ်ပေါ်ခဲ့သည့် ဓာတ်ကြိုးပြတ်ကျမှုများကြောင်း သေဆုံးမှုများ
ရှိနေသော်လည်း လျှပ်တားအကာပါသော ကြိုးများကို ပြောင်းလဲတပ်ဆင်ရန် ငွေကြေး
လိုအပ်သည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က ပြောသည်။
လျှပ်တားအကာမပါသော လိုင်းကြိုးများအား အန္တရာယ်ကင်းရှင်းစေမည့် အကာပါသော
ကြိုးများဖြင့် အစားထိုးမည်ဆိုပါက ကုန်ကျစရိတ်အနေဖြင့် ဗို့အားပေါ် မူတည်၍ သုံးဆခန့်
ပိုမိုကုန်ကျမည်ဖြစ်ပြီး ပိုမိုစိတ်ချရသော မြေအောက်ဓာတ်ကြိုးစနစ်ကို သုံးမည်ဆိုပါက ၁၀ ဆခန့်
ပိုမိုကုန်ကျမည်ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်နိုင်ရန် လုံလောက်သော ရန်ပုံငွေ ရရှိရန်
လိုအပ်မည်ဟု ယခုလ ၂၃ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ပြောသည်။
နှစ်ပေါင်း ၅၀ နီးပါး သက်တမ်းကြာမြင့်နေသည့် ဓာတ်ကြိုးများအစား လျှပ်တားအကာပါသော
ကြိုးများကို ပြောင်းလဲတပ်ဆင်မည်ဆိုပါက ဗို့အားအပေါ်မူတည်ပြီး ကုန်ကျစရိတ်မှာ တစ်မိုင်လျှင်
ကျပ် ၅၅၈ သန်း မှ သန်း ၉၃၀ ခန့်အထိ ကုန်ကျမည်ဖြစ်သည်။
လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှပ်စစ်ဝန်ကြီးဌာနပိုင်သည့် လျှပ်တားအကာ
မပါသော ကြိုးများဖြင့် တည်ဆောက်ထားသည့် ဓာတ်အားလိုင်းများမှာ ၆၆ ကေဗွီဓါတ်အားလိုင်း
၂,၄၆၆ ဒသမ ၄ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၄,၉၀၃ ဒသမ ၉၂ မိုင်၊ ၁၁ ကေဗွီနှင့်
၆ ဒသမ ၆ ကေဗွီ ဓာတ်အားလိုင်း ၁၀,၆၂၅ ဒသမ ရ၈ မိုင်နှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း
၁၃,၃၀၃ ဒသမ ၁၂ မိုင် တို့ဖြစ်သည်။
















