ဘာသာရေးအဆောက်အအုံများ ရန်ကုန်မြို့လယ်ခေါင်တွင် အများအပြားရှိသည့်အနက်တွင်
အာမေးနီးယန်း ဘုရားကျောင်းကြီးကို ပထမဆုံးအဖြစ် အထိမ်းအမှတ်ပြု အပြာရောင် ကမ္ဗည်းပြား
တပ်ဆင်ခဲ့ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က အောက်
တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗတ္တိဇံဆရာ ရှင်ယောဟန်၏ အာမေးနီးယန်း
တမန်တော် များ ဘုရားကျောင်းကြီးသည် ရန်ကုန်မြို့တွင် သက်တမ်းအရင့်ဆုံး ကျန်ရှိနေသော
ခရစ်ယာန်ဘုရားကျောင်း ကြီးဖြစ်ပြီး အင်္ဂလိပ်တို့ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်အပြီး
နောက် အာမေးနီးယန်းလူမျိုးများအတွက် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်ရှိ
မြေနေရာကို အခမဲ့ ပေးခဲ့ပြီး ဗတ္တိဇံဆရာ ရှင်ယော ဟန်ဟု အမည်ပေးခဲ့ကာ ၁၈၆၃ ခုနှစ်
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လှူဒါန်း ဆောက်လုပ်ခဲ့ကြောင်း သိရ သည်။
"ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အထိမ်းအမှတ်
ကမ္ဗည်းပြား တပ်ဆင်ဖို့ရှိတဲ့အနက် အာမေးနီးယန်း ဘုရားကျောင်းကို ပထမဆုံး တပ်ဆင်တာ
ဖြစ်ပါတယ်။ ဒီလိုတပ်ဆင် တာဟာလည်း ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများ လေ့လာ နိုင်မှာလည်း ဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့ သမိုင်းဝင် မြို့လယ်မှာ
ရှိတဲ့ ဘာသာပေါင်းစုံအဆောက်အအုံ တွေ အတူတကွတည်ရှိနေတာမျိုးဟာဆိုရင် ကမ္ဘာပေါ်က
တခြားနေရာတွေမှာ မတွေ့နိုင်သလောက်ပါပဲ။ အဲ့အချက် က မြန်မာ့အမွေအနှစ်တင်မဟုတ်ဘဲ
ကမ္ဘာ့အမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်။ ကာကွယ်ထိန်းသိမ်းရမှာ ပါ"ဟု ရန်ကုန်မြို့ပြအမွေ
အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါက် တာသန့်မြင့်ဦး
က ပြောသည်။
"မြန်မာနိုင်ငံကို ရောက်ရှိနေတုန်းအချိန်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းအထိန်းအမှတ်အဆောက်အအုံ
အဖြစ်နဲ့ အာမေးနီးယန်းဘုရားကျောင်း အပြာရောင် ကမ္ဗည်းတပ်ဆင်ခြင်းအခမ်းအနားကို တက်
ရောက်ခွင့်ရတဲ့ အတွက် အလွန်ဝမ်းသာမိပါတယ်။ အဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေ၊ မွန်မြတ်တဲ့
အလုပ်တွေအတွက် အောင် မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"ဟု အာမေးနီးယန်းဂိုဏ်းချုပ်
ဆရာတော်ကြီး Karekin II က ပြောသည်။
ထို့ပြင် ယခုကဲ့သို့ ကမ္ဗည်းပြား တပ်ဆင်ခြင်းကိုဩဂုတ်လ ၉ ရက်နေ့ကလည်း ရန်ကုန်မြို့ မြို့တော်
ခန်းမတွင် တပ်ဆင်ပြီးခဲ့ကြောင်း သိရသည်။ အဆိုပါကမ္ဗည်းပြားတပ်ဆင်ခြင်းအစီအစဉ်ကို
အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင် နေရာများအား လေ့လာခြင်း၊ ကမ္ဗည်းပြား
များ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့ အတွက် Royal Philips က ကန်ဒေါ်လာ ရ၅,၀၀၀ ကို
ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ၀ိုင်အိပ်ချ်တီ (YHT)က ထုတ်ပြန်ထားသည်။

















